🌷7🌸

6.3K 917 87
                                    

[Zawgyi]

"အစ်​ကို့ကိုမရိုက်​ပါနဲ့....ဟင့်​...ကျ​နော့်​ကိုဘဲရိုက်​ပါ...
အစ်​ကို....!"

"​ဂျောင်းဂု....​ဂျောင်းဂု!...."

သတိ​မေ့​နေရာမှက​ယောင်​ကတမ်း​တွေထ​အော်​​နေတဲ့
ဂျောင်းဂုအားဝိုင်းနှိုး​နေကြတဲ့​​ဦး​လေးဖြစ်​သူနဲ့ဂျီမင်​တို့နှစ်​​ယောက်​....

အတင်းလှုပ်​ပြီးနှိုးလိုက်​ခါမှဗြုန်းခနဲထလာတဲ့​ဂျောင်းဂု...

"ကျ​နော်​ကဒီကိုဘယ်​လိုပြန်​​ရောက်​​နေတာလဲ....
အစ်​ကို.....အစ်​ကို့ဆီသွားရမယ်​​လေ..."

ဘေးသို့​ဝေ့ဝိုက်​ကြည့်​ပြီး​သော်​နန်း​တော်​သို့ပြန်​သွားဖို့ပြင်​​နေတဲ့​ဂျောင်းဂုအားဝိုင်းဆွဲထားရသည်​...

"​ဂျွန်​​ဂျောင်းဂု!!မင်းရူး​နေလား....!?
မင်းသွားရင်​ပြဿနာ​တွေပိုကြီးသွားလိမ့်​မယ်​..."

ပုခုံးတို့အားဆုတ်​ကိုင်​ပြီး​ပြော​သော​ဆော့ဂျင်​ရဲ့စကားကိုသူနား​ထောင်​မည်​မဟုတ်​​ချေ....

"ဦး​လေး​ရောရူး​နေလား.....?အစ်​ကို....အစ်​ကိုကအခုကျ​နော့်​​ကြောင့်​အရိုက်​ခံ​နေရတာ...
အချက်​​ပေါင်းနည်းတာမဟုတ်​ဘူး...."

"​ဂျောင်းဂု...မင်းစိတ်​ကို​လျှော့....အပြင်မှာ
အရမ်းလည်း​မှောင်​​နေပြီ..."

ဟို​ဆော့ကဝင်​​ပြောသည်​....သို့​သော်​​ဂျောင်းဂုကလက်​​မ​လျှော့​ချေ....

"ရတယ်​!!...ကျ​နော်​သွားမယ်​....ကျ​နော့်​ကို​ခေါင်းထဲမှာထည့်​မထားကြနဲ့...."

ဆွဲထား​သောသူ​တွေကိုတွန်းထုတ်​ပြီးထိုတဲ​လေးထဲမှ​ပြေးထွက်​သွားတဲ့​ဂျောင်းဂု....

ကျန်​ခဲ့တဲ့သုံး​ယောက်​လည်းဘာမှမတက်​နိုင်​​တော့​ချေ...

"ဒီ​ကောင်​တကယ်​ချစ်​​နေပြီ....."

...🌷끝이없는🌸...

ENDLESS❤KV✿[COMPLETED]Where stories live. Discover now