Part-2

423 46 2
                                    

[Zawgyi]

Hunနဲ့သူ့ရဲ့ တွေ့ဆုံခြင်းက ရိုးရှင်းသည်

အဲဒီနေ့ကသာမန်နေ့တွေလိုပါပဲ
ကောင်းကင်ကြီးကပြာပြီး
နေရောင်ခြည်တွေသာတဲ့ နေ့တစ်နေ့ပေါ့

အိမ်ကမထွက်ခင်အထိ ရာသီဥတုကအကောင်းပါ
နေလည်းသာနေတာမို့အပြင်ကို ထီးမယူပဲ
ထွက်လာမိသည်
ထီးယူရမှာပျင်းတဲ့ သူ့အတွက်
ကော်ဖီဆိုင်ကနေပြန်ကာနီးကျမှ
ကံဆိုးခြင်းမိုးများက စတင်စွေလာပါတော့သည်

တစ်မနက်လုံးသာခဲ့သော နေမင်းကြီးကို
ကိုရွှေမိုးတိမ်တို့ဖုံးအုပ်ကာ
ကောင်းကင်ကြီးတစ်ခုလုံးပြိုတော့မည့်
မိုးပမာ ပြောင်းလဲသွားသည်
သိပ်မကြာပါ မိုးကတဝုန်းဒိုင်းဒိုင်းနဲ့ အငြိုးကြီးစွာ
ရွာချလေတော့သည်

"ကျွတ်စ် ဒုက္ခပါပဲ အိမ်ပြန်ခါနီးကျမှ"ဟု Sehun
တစ်ယောက် စိတ်ပျက်လက်ပျက် ညည်းညူမိသည်

"ဟူး ဒီမိုးနဲ့တော့ ပြန်လို့လည်းမဖြစ်သေးပါဘူး"ဟု
မိမိဘာသာဆိုရင်း ကော်ဖီဆိုင်တံစက်မြိတ်အောက်
ပြန်ဝင်လာခဲ့သည်

"အင်း ထီးလည်းမပါ မိုးကာလည်းမပါဆိုတော့
မိုးတိတ်တဲ့ထိ စောင့်ရတော့မှာပဲ"

ထိုစဉ်ဆိုင်ထဲမှ လူတစ်ယောက်ထွက်ရန်ပြင်လိုက်တာကို
မျက်လုံးထောင့်မှ ရိပ်ခနဲမြင်လိုက်သည်
ဘာရယ်မဟုတ် ကြည့်မိတော့
"သြော်… ဟိုလူကိုး"

အမှန်တော့ ဟိုလူဆိုသူကို Sehunမသိပါ
သို့သော် လွန်ခဲ့သောနာရီဝက်ခန့်က ထိုလူသည်
Sehun၏မျက်စောင်းဒဏ်ကို ခံရပြီးဖြစ်သည်
အဖြစ်အပျက်က ဒီလိုပင်ဖြစ်သည်

ဒီလိုနေသာသောနေ့မျိုးဆို Sehunတစ်ယောက်
အိမ်တွင်းမအောင်းချင် ခုတလော မုန်တိုင်းရှိ၍
မိုးချည်းဆက်တိုက် ရွာလွန်းသဖြင့်
ဘယ်မှလည်း ကောင်းကောင်းမထွက်နိုင်

မိုးအေးအေးနဲ့စောင်ခြုံပြီးကွေးရတာကိုကြိုက်ပေမယ့်
၁ပတ်လောက် မိုးကဆက်နေတော့
အိမ်ထဲမှာချည်းနေရတာ ပျင်းလာသည်
ထို့ကြောင့် ဒီလို နေပွင့်တုန်းလေး
ကော်ဖီဆိုင်ထိုင်ရင်း စာဖတ်ဦးမည်စိတ်ကူးမိသည်

REWIND (Completed) Z+UWhere stories live. Discover now