[Zawgyi]
အခုတလော ရာသီဥတုကပြန်ကောင်းနေတာ
တစ်ပတ်ခန့်ရှိပြီ ဟိုတစ်ခေါက် ရုတ်တရပ်ကြီး
မိုးရွာပြီးကတည်းက နောက်ထပ်တော့ ထပ်မရွာသေး
ကောင်းကင်ကြီးကလည်း ကြည်ကြည်လင်လင်ပင်Sehunတစ်ယောက် Sing For Youကို
မရောက်တာလည်း တစ်ပတ်ခန့်ပင်
ဒီနေ့တော့သွားဦးမည်ဟု စိတ်ကူးမိသည်နှင့်
ဖတ်မည့်စာအုပ်တစ်အုပ်ယူကာ ထွက်ဖို့ကြံသည်ထွက်လာခါနီးမှ အိမ်ထောင့်မှာထောင်ထားတဲ့
ထီးကိုလှမ်းကြည့်မိသေးသည် ယူရင်ကောင်းမလား
မယူရင် ကောင်းမလား ချီတုံချတုံဖြစ်ရင်း ကောင်းကင်ကို
မော့ကြည့်လိုက်သည်'အင်း မိုးမရွာလောက်ဘူးထင်ရတာပဲ မယူတော့ပါဘူး'
_______________________________________
Sehunကော်ဖီဆိုင်ကိုရောက်တော့ ညနေ၃နာရီ
မွန်းလွဲပိုင်းလည်းဖြစ်လေရာ ဝယ်တဲ့သူ အရမ်းတော့
ရှုပ်မနေ အေးအေးလူလူပင် ထိုင်နေကျဆိုင်ထောင့်ဘက်ရှိ
ဝိုင်းသို့သွားလိုက်သည်စာအုပ်ထဲတွင်မည်မျှတောင် ဈာန်ဝင်သွားသည်လည်းမသိ
အပြီးသတ်ပြီဆိုမှ ဆိုင်ရှေ့တစ်ချက်ကြည့်မိတော့
သစ်ရွက်တချို့လွင့်နေပုံအရ လေအနည်းငယ်
ထန်နေပုံရသည် ဒီလိုဆိုမဖြစ် ပြန်ရမည် ကိုယ်က
ထီးပါလာသည်မဟုတ် ပြန်ရန်ပြင်လိုက်စဉ်"ဟား ဟား ဟား ရယ်ရတာသေတော့မယ်"
'ဟင်...ဒီအသံက'
ဘေးဘက်ဝိုင်းဆီမှပျံ့လွင့်လာသော အသံက Sehunရဲ့
လှုပ်ရှားမှုအားလုံးရပ်တန့်သွားအောင်စေစားနိုင်စွမ်းသည်
စာအုပ်ကို ပိုက်ရင်း ဘေးဘက်ဆီသို့မဝံ့မရဲကြည့်မိတော့
မိမိထံ တည့်တည့်မက်မက်စိုက်ကြည့်နေသည့် မျက်ဝန်းများကမန်းကတန်းဆိုင်ပြင်သို့ထွက်လိုက်တော့ တိုက်တိုက်
ဆိုင်ဆိုင်ပင် ရွာချလာသည့် မိုးရေစက်များ"Ah~shit အခုချိန်မှရွာရလားကွာ"
ထိုစဉ် ဆိုင်တံခါးက ချူသံလေးမြည်သွားပြီး လူတစ်ယောက်
ထွက်လာသည် မကြည့်လည်း Chanမှန်း နှလုံးသားက
အတပ်သိသည်
YOU ARE READING
REWIND (Completed) Z+U
Fanfiction"ရာသီဥတုသာယာတိုင်း ဒီတစ်နွေလုံးအေးမယ်ထင်ခဲ့တာ ပြိုလဲစေဖို့ ကြိုတင်ကြံစည်နေမှန်း မတွက်ဆခဲ့မိ" "ရာသီဥတုသာယာတိုင်း ဒီတစ်နွေလုံးအေးမယ်ထင်ခဲ့တာ ပြိုလဲစေဖို့ ကြိုတင်ကြံစည်နေမှန်း မတွက်ဆခဲ့မိ" Chanyeol X Sehun ChanHun