Uni
Flash back :::
"Wang Yibo!!!!!
မင်းရန်ဖြစ်လာပြန်ပြီလား"အိမ်ထဲ၀င်၀င်ချင်း ဧည့်ခန်းထဲက ပါးရဲ့အော်သံကို ကြားလိုက်တယ်
ပြန်မဖြေချင်တာနဲ့ အပေါ်တက်မလို့ ပြင်လိုက်တယ်"ဟျောင့် ငါမေးနေတယ်လေ"
"ဟုတ်တယ် ရန်ဖြစ်လာတာ"
"မင်းဘာလို့ ပြဿနာတိုင်းကို လက်သီးနဲ့ဖြေရှင်းနေတာလဲ
လက်သီးနဲ့ဖြေရှင်းရအောင်မင်းက မင်းကိုယ်မင်း Gangster များမှတ်နေလား""အကို သားလေးက ရန်ဖြစ်တယ်ဆိုပေမယ့်
ဆိုးသွမ်းနေတာမှမဟုတ်တာ""ပါးဘာပါး ကျုပ်ကို ဆူဆူ ရိုက်ရိုက်
ခင်ဗျားအပူမပါဘူး""Wang Yibo မင်းဝောာ်တော် မိုက်ရိုင်းနေတယ်
ဟုတ်လား
မနက်ဖြန် America သွားဖို့ပြင်""မသွားဘူး"
"သွားရမယ်"
"ကျောင်းပြောင်းပေး
ရန်မဖြစ်တော့ဘူး""ကောင်းပြီလေ
နောက်တစ်ခါ ရန်ဖြစ်ရင်တော့
America သွားရမယ်""အင်း"
အဲ့လိုနဲ့ဘဲ ပါးနဲ့အပေးအယူတည့်ပြီး ကျွန်တော်ကျောင်းပြောင်းသွားတယ်
ကျွန်တော် ကျောင်းစပြောင်းပြီးနောက်တစ်ပတ်
တနင်္လာနေ့ ကျောင်းအပြန် ကျောင်းဘေးနားက လမ်းမှာ ရန်ဖြစ်နေကြတယ်
ပုံစံက ကျွန်တော်တို့ကျောင်း၀တ်စုံနဲ့ အစ်ကိုသုံးယောက်က
ကျွန်တော်တို့အတန်းကကောင်လေး အနိုင်ကျင့်ခံနေရတာကို ကူညီနေပုံရတယ်
ဟိုဘက်အဖွဲ့က အုပ်စုတောင့်လို့ သူတို့မနိုင်ရင်
၀င်ကူညီပေးမလို့ လမ်းထိပ်ကနေစောင့်ကြည့်နေလိုက်တယ်
ဒါပေမယ့် အဲ့အစ်ကိုသုံးယောက်က ရန်ဖြစ်နေကျဖြစ်ပုံဘဲ
ပွဲက ခဏလေးနဲ့ပြီးသွားတယ်
အဲ့တော့မှ ကောင်လေးကကျေးဇူးတင်ကြောင်းပြောနေပုံရတယ်
သူတို့လည်းအကူအညီမလိုဘူးဆိုတော့ အိမ်ပဲပြန်လာလိုက်တယ်
အိမ်အပြန်လမ်းမှာတော့တစ် တစ်လမ်းလုံးကျွန်တော်ပြုံးနေမိတယ်ဆိုတာ သေချာတယ်
အကြောင်းအရင်းကတော့ ကျွန်တော့်နှလုံးသားထဲမှာ သိသိသာသာ ရောမသိမသာပါ နေရာယူသွားတဲ့
ပုံရိပ်လေးတစ်ခုကြောင့်ပေါ့
YOU ARE READING
From Unrequited Love To...(Complete)
FanfictionBoth Zawgyi and Uni ပထမဆုံးရေးတာမလို့ အမှားပါရင်ခွင့်လွှတ်ပေးပါ တတ်နိုင်သလောက်ကြိုးစားပြီးရေးသွားမှာပါ ဒီ fic လေးထဲမှာသုံးထားတဲ့စကားလုံး အချို့ကသူငယ်ချင်းအချင်းပေါ့ပေါ့ပါးပါး ပြောနေသလိုမျိုးသုံးထားတာမလို့ နည်းနည်းမိုက်ရိုင်းပါတယ် အဲ့အတွက်လည်းကြိုတင်...