Part-3(Unicode)

10.4K 1.1K 64
                                    

I'll Be Yours

"ဟဲ့!ဟဲ့!!!ကျောင်းခေါင်မိုးထပ်မှာရှောင်းကျန့်တို့ရန်ဖြစ်နေကြပြန်ပြီ!!"

အတန်းထဲပြေးဝင်ပြီးပြောလာတဲ့အခန်းဖော်ကောင်မလေးရဲ့စကားအဆုံးဝမ်ရိပေါ်လက်ထဲကဘောပင်ကိုချပြီးဝှီးကနဲမမြည်ရုံတမယ်ကမန်းကတန်းထပြေးရသည်။

တကယ်ပါပဲ...!ကျန့်ကျန့်ကကျိုးချန်နဲ့Toiletဆိုပြီးထွက်သွားတာ သေးမပေါက်ပဲသွေးသွားသောက်ကြတာလား!

2ယောက်တစ်ဖွဲ့နဲ့3ယောက်တစ်ဖွဲ့လူနည်းတယ်ထင်ရပေမယ့်ရန်ပွဲကလက်စပြင်းတဲ့ကောင်တွေရဲ့ပွဲမို့အရှိန်ကောင်းသလိုကြောက်ကြောက်နဲ့ဝိုင်းအုံကြည့်နေကြတဲ့လူတွေကလည်းများတယ်။

ရိပေါ်လူအုပ်ထဲအတင်းတိုးဝင်လာတုန်းမြင်လိုက်ရတာကကျန့်ကျန့်ကတခြားတစ်ယောက်ကိုထိုးနေတုန်းနောက်ကတစ်ယောက်ကကျန့်ကျန့်ခါးကိုစောင့်ကန်လိုက်ကာမျက်နှာကိုထိုးမယ့်ပုံမို့ရိပေါ်ဘာမှမစဥ်းစားနိုင်ပဲကျန့်ကျန့်ရှေ့ဝင်တိုးလိုက်တယ်။

"အားးးးးးး!!!!!"

ရှိသမျှသွားတွေကျွတ်ထွက်သွားသလားပဲ!

"ဝမ်ရိပေါ်!!ဘာဝင်လုပ်တာလဲ!!သွား"

ရှောင်းကျန့်ကရိပေါ်ကိုတွန်းထုတ်ရင်းအနားကကောင်တွေကိုဆွဲထိုးတယ်။ကျိုးချန်ကလဲရှောင်းကျန့်နည်းတူပဲ!ရိပေါ်ကလဲဘယ်ရမလဲ ကိုယ့်ချစ်သူကိုတော့အထိမခံနိုင်ဘူး သူပါဝင်လုံးတော့တယ်။

ပွဲက3ယောက်3ယောက်ဖြစ်သွားပြီ။ညီတူမျှတူထင်သွားလား!နိုးပါ နိုးပါ ဝမ်ရိပေါ်ဆိုသည်မှာဝမ်ရိပေါ်ပါပဲ!မကူနိုင်တဲ့အပြင်သူ့ကိုမထိဖို့ပါရှောင်းကျန့်ကကြားကဖြတ်ကန်ဖြတ်ထိုးလုပ်ပေးနေရတာမို့အချိန်ကကြာနေတယ်။

"အားး!!!"

"သေပါပြီ!!"

"အ!!"

ရန်ပွဲထဲမှာရိပေါ်ရဲ့အော်သံကဆူဆူညံနေခဲ့တာလွန်ပါရော။

ကျောင်းအုပ်ကြီးကသူတို့6ယောက်ရှေ့မှာအံတကြိတ်ကြိတ်နဲ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။တောက်ကလဲခေါက်လိုက်သေး။ရှောင်းကျန့်ကတော့မျက်စိနောက်လို့သေတော့မယ် ဆူစရာရှိမြန်မြန်ဆူပြီးနေတာပဲကိုအလကားသက်သက်အချိန်ကုန်အောင်လုပ်နေတယ်။

I'll Be Yours (Completed)Where stories live. Discover now