Arc(1.8)-My Little Gangster

11.9K 1.3K 71
                                    

Unicode

ရန်ဟွား လေးလံနေတဲ့ သူ့မျက်ခွံတွေကို အတင်းဆွဲဖွင့်လိုက်သည်..။သူက အလိုလိုက်ခံရတဲ့ သခင်လေးတစ်ယောက်ဖြစ်ခဲ့တဲ့အလျောက် အပျင်းတစ်တာက နှစ်ယောက္မရှိ။မျက်လုံးဖွင့်ဖို့တောင် ပျင်းနေပြိီး အချိန်တိုင်း အိပ်ချင်နေတာဖြစ်သည်။သို့ပေမဲ့ ဒီမနက်တော့ သူမျက်လုံးဖွင့်ပြီးနောက် ထပ်တောင်မမှိတ်ချင်အောင် လန့်ဖျပ်သွားရလေသည်။

' အား..သောက်ကျိုးနည်း..ဒီ..ဒီVirus က သူ့ဘေးမှာ..ပြီးတော့ သူ့ကို  ဇနီးမယားလို ရင်ခွင်ထဲ ပွေ့ဖက်ပြီးအိပ်နေတယ်?WTF!! '

ရန်ဟွား စိတ်ထဲမှာ အော်ဟစ်လိုက်မိပြီး ရှန်းဟုန်ကို မော့ကြည့်လိုက်သည်..။
အမှန်အတိုင်းပြောရရင် ရှန်းဟုန်ရဲ့ရုပ်ရည်က တည်ငြိမ်ရင့်ကျက်ပြီး ယောကျာ်းဆန်တဲ့အသွင်ရှိသည်။
ထူထဲ​တဲ့ မျက်ခုံးနက်နက်ရယ်..၊ဖြောင်းစင်းတဲ့နှာတံရှည်ရှည်ရယ်..၊ ပြီးတော့ လေးညို့သဏ္ဍာန်နှုတ်ခမ်းတွေ..။
ထိုနှုတ်ခမ်းတွေကို ကြည့်မိတော့ သူကြက်သီးထသွားသည်..။သို့ပေမဲ့ သူ့စိတ်က သူတောင်မသိလိုက်ခင်မှာပဲ ထိုလူရဲ့ ဆွဲဆောင်နိုင်ပြီး တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းတွေကို ​ထိပြီးနေပြီဖြစ်သည်။ရန်ဟွား သူ့ရဲ့ အပြုအမူကို သူ့ဘာသာလန့်သွားပြီး အသံတိတ်အော်မိသည်..။

' အား!!! မားမားရေ သားကွေးပြီလားမသိဘူး.'

သူခပ်မြန်မြန်ထမလို့လုပ်လိုက်ပေမဲ့ ထိုလူရဲ့ သန်မာတဲ့ လက်တစ်စုံက ပိုပြီးတင်းကျပ်စွာပွေ့ဖက်လိုက်သည်.။

" ဒီတိုင်း ခနလေး အိပ်ဦးကွာ Babe"

" ခင်ဗျား...လွှတ်စမ်းပါ.."

" ဒီလို ရုန်းနေတာက ကိုယ့်ကို မြူဆွယ်နေသလိုပဲနော် Babe.."

ရန်ဟွား ထိုလူရဲ့စကားကြောင့် ဒေါသထွက်ပြီး အားနဲ့ရုန်းမလို့လုပ်လိုက်ပေမဲ့  တစ်စံုတစ်ခုကြောင့် မျက်လုံးလေးတွေက ပြူးသွားပြီး တိခနဲငြိမ်ကျသွားသည်..။

ဒီလူ..ဒါ..ဒါကြီးက....။

" ဟုတ်တယ် ငြိမ်ငြိမ်လေးနေ..ကိုယ်စိတ်တွေထိန်းထားရတာ.."

ရှန်းဟုန် သူ့ရင်ခွင်ထဲ အသက်တောင်ဖြောင့်ဖြောင့်မရှူပဲ ငြိမ်ကုပ်နေတဲ့ကောင်လေးကြောင့် ပြုံးလိုက်မိသည်.။
မတတ်နိုင်.။မနက်ပိုင်းဆိုတော့ သွေးသားက ထကြွလွယ်သည့်အပြင် နိုးကတည်းက ထိုကောင်လေးက လှုပ်စိလှုပ်စိနဲ့ သူ့ကို ဆွပေးနေတဲ့အတိုင်း..။ပြီးတော့ ထိုကောင်လေးမနိုးခင်ကတည်းက သူနိုးနေတာမို့ သူ့နှုတ်ခမ်းကို လက်​​သွယ်သွယ်လေးတွေနဲ့ လာထိတာလည်း သိလိုက်သေးသည်..။

Heaven's Safe SystemWhere stories live. Discover now