Unicode
ခမ်းနားလှသော နန်းတော်ကြီးတွင် ...။
စားတော်ပွဲလာပို့တဲ့ စားတော်ကဲတွေအကုန် ပါးစပ်အဟောင်းသားဖြစ်နေကြသည်..။ သူတို့ကိုယ်သူတို့ အမြင်မှားတယ်လို့လည်း ထင်နေကြသည်။
သူတို့ရဲ့ အရှင်က ကြောင်နက်လေးတစ်ကောင်ကို တယုတယပွေ့ပိုက်လို့ ငါးတွေကို သေချာထည့်ကျွေးနေတာက နေအနောက်ဘက္မှ ထွက်လာသည့်အတိုင်း ယုံကြည်ရန်ခက်လှပေသည်။
သို့ပေမဲ့ ထိုအခြင်းအရာကား အမှန်ဖြစ်နေခြင်းပင်။
[ ဟွန့်..ငါးက အရိုးတွေနဲ့ ငါဘယ်လိုစားရမှာလဲ..]
[ ကြောင်က အရိုးစားတာပဲလေ..Hostရဲ့..]
[ ထားပါ..စားကြည့်တာပေါ့..]
သူက နဂိုတည်းက ငါးစားရင် အရိုးနင်တတ်တဲ့သူဖြစ်သည်။ဒါကြောင့် သူ့မူလဘဝမှာတုန်းက အရိုးတွေသေချာနွှင်ကျွေးတာကိုသာ စားခဲ့ရတာ။
ခုတော့..ကြောင်ဘဝမို့ အရိုးနွှင်ပေးမဲ့သူမရှိပဲစားရမှာ အနည်းငယ်တော့ လန့်နေမိသည်။ဟာရိုမီက အန်းလူကာ ထည့်ထားပေးတဲ့ ပန်းကန်ထဲက ငါးကို အသာလေးနမ်းကြည့်ပြီး တစ်လုပ်တည်း မြိုချလိုက်သည်။ ငါးမစားရတာ ကြာပြီဖြစ်တာကြောင့် ပိုစားကောင်းနေသလိုပင်။
သို့ပေမဲ့-
ဂလု..အင့်..!
ခီး...!!ဟာရိုမီလေးက ငါးကို အားရပါးရစားလို့ အန်းလူကာ သဘောကျစွာကြည့်လိုက်ပေမဲ့ စားစားချင်း အန်မလိုဖြစ်နေတာကြောင့် သူစိတ်ပူသွားသည်..။
ထို့ကြောင့် ကမန်းကတမ်းကောက်ပွေ့ပြီး စားတော်ကဲတွေကို သေစေနိုင်တဲ့မျက်ဝန်းတွေနဲ့ တစ်ချက်ကြည့်ကာ အကောင်ပေါက်လေးဆီမှာသာ အာရုံပြန်ထားလိုက်သည်။ခီး.!!
" ကလေး..ကလေး.."
'Broရေ အတင်းညစ်မထားနဲ့ဟ မင်းယောက်ဖလေးက အရိုးနင်နေတာ..တစ်ခုခုလုပ်ပေးဦး!!'
ဟာရိုမီစိတ်ထဲက အော်ဟစ်မိသည်။ အချိန် မသေဘဲ ဒီဇာတ်လိုက်ကောင် ညှစ်လို့ သေရတော့မည်။
" အရှင်..အရိုးခံသွားတာလား မသိဘူး.."
ဘန်းဒက်စ်ရဲ့စကားကြောင့် အန်းလူကာ ကြောင်လေးပါးစပ်ကို ဖြဲကြည့်လိုက်သည်..။
ဟုတ်တာပေါ့... အာခေါင်မှာစိုက်နေတဲ့ အရိုးသေးသေးလေးတစ်ချောင်း..။
သူ သာသာလေး ဆွဲနှုတ်ပေးလိုက်ပြီး ကြောင်ေပါက်လေးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်..။
YOU ARE READING
Heaven's Safe System
Romanceမွှေဖို့လောက်ပဲ သိတဲ့ သခင်လေးတစ်ယောက်.. သူ့မှာတော်တာဆိုလို့ ဉာဏ်နီဉာဏ်နက်များတာလေးပဲရှိတယ်.. ဒါပေမဲ့ သူက ကောင်းကင်ရဲ့ရွေးချယ်ခြင်းကို ခံရပြီး ကောင်းကင်System ထဲကိုရောက်သွားတဲ့အခါ.. System လေး ရေးချင်လို့😁😁😁