ချိုမြိန်သောမှားယွင်းခြင်း

957 79 0
                                    


ဘန်ကောက်တွင်ကားများဆိုင်ကယ်များနှင့်အလုပ်ရှုပ်နေသည်...လူတိုင်းသည်လည်းမိမိတို့၏ဝမ်းရေးအတွက်လုံးပန်းနေကြသည်..ထိုတွင်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့်...ပူလောင်လွန်းသောသူရိန်နေမင်းကြီးအားအံတုကာနေသောလူငယ်တစ်ယောက်ရှိနေသည်

ကျောင်းပိတ်ရက်မို့Wat တစ်ယောက်အချိန်ပိုင်းအလုပ်ရှာရန်...ထွက်လာခဲ့ခြင်း...တစ်ခြားနေ့တွေထက်ဒီနေ့ကပိုတက်ကြွသလို...

သူအလုပ်ရမှဖြစ်မည်...မဟုတ်ရင်သူ့စီ၌ကျန်သောလက်ကျန်ငွေနဲ့စားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်...

"ကျစ်!..နေကလည်းဒီနေ့မှပိုပူနေရတယ်လို့.."

အပြစ်မရှိအပြစ်ရှာသူအလုပ်မရတိုင်းနေကိုပြသနာရှာမိသောသူ့အဖြစ်ကလမင်းကိုခွေးဟောင်နေသလိုဖြစ်နေသည်...

သူ့ဘာသာနေ့တိုင်းသူ့လုပ်ဆောင်ချက်ဖြစ်သောအလင်းဓာတ်ကိုပေးဆောင်ရသောနေမင်းကြီးကိုယနေ့မှပူတယ်ဟုပြသနာရှာမိနေသောမိမိကိုယ်မိမိ...သဘောကျမိသည်..

အရင်နေ့တွေကကျောင်းသွားကျောင်းပြန်ကားနဲ့သွားနေပေမဲ့..ကနေ့မှကားမယူဘဲBusစီးကြည့်မယ်လို့တွေးခဲ့သောသူ့အတွေးကိုပင်နှာခေါင်းရှုံ့မိသည်.

ဟိုကလေးနဲ့တူတူစီးခဲ့ရသောBus လောက်ပင်..စီးလို့မကောင်းသောဘန်ကောက်ကbus များကိုကျိန်ဆဲနေမိသည်...

မိမိဗိုက်၏ဆော်​သြသံကြောင့်..သူတစ်ခုခုစားမှဖြစ်မယ်မနက်ကလည်းဘာမှမစားမိ..ဒါကြောင့်Cafeတစ်ခုအတွင်းသို့ဝင်တော့..မြင်လိုက်ရသော..မြင်ကွင်းကြောင့်မျက်လုံးအစုံပြူးမိသည်...

သူ့ကလေးလေး..ဒီCafeမှာလုပ်နေတာလား...

အတွေးတို့ကိုဖြတ်ကာခုံတစ်ခုံမှာဝင်ထိုင်တော့လာရောက်မေးမြန်းသောကောင်လေး..အခုမှသူ့ကိုမြင်ဟန်..

"အကိုWat!.."

"အင်း...မင်းကဒီမှာလုပ်တာလား..ကြာပြီလား.."

ထိုကလေးမှအပြုံးချိုချိုလေးဖြင့်..

"ဟုတ်..ကြာတာတော့ကြာပြီ.."

ဒါနဲ့များဟိုတစ်နေ့ကကိုယ့်ကိုအလုပ်လိုချင်လို့လို့ဘာလို့ပြောတာလဲ..

ချိုမြိန်သောမှားယွင်းခြင်းWhere stories live. Discover now