ကျနော်ပေးပို့ခဲ့ပြီး သူ.မဖက်ဖြစ်ခဲ့တဲ့ 💌

84 5 2
                                    

ကျန်းမာပါ ပျော်ရွှင်နေပါ ကလေးရယ်
ဒီကမ္ဘာမှာ ပျော်ရွှင်မှုတွေနဲ့ အထိုက်တန်ဆုံးလူသားဟာ မင်းပါ

အိပ်ရေး၀၀အိပ်ပါ စားကောင်းတာလေးတွေများများစားပါ
ကမ္ဘာကြီးနေပြန်ကောင်းလာတဲ့အခါ ပုံမှန်အတိုင်းပဲ ခရီးတွေသွားပါ များများပြုံးပါ ကိုယ့်ကိုကိုယ်ပိုချစ်ပါ ကလေးရယ်

ကိုယ့်ကိုတန်ဖိုးမထားတဲ့သူရဲ့ဘေးမှာမနေပါနဲ့
ကိုယ့်အပေါ်မှာမလေးနတ်တဲ့သူရဲ့စကားကိုနားမထောင်ပါနဲ့
ကိုယ့်ဘ၀ထဲမှာ ရှိစရာတောင်မလိုတဲ့သူတွေကြောင့် စိတ်နှလုံးကို အညစ်နွမ်းမခံပါနဲ့
ဘာတွေပြောပြော ဂရုမစိုက်ပါနဲ့

......

လွန်ခဲ့တဲ့လေးနှစ်ကျော်က ခင်ဗျားကိုစသိခဲ့တယ် စချစ်ခဲ့တယ်လို့ပြောရင် ပိုမှန်လိမ့်မယ် (အာ့တုန်းကတော့ crush ပေါ့ဗျာ) ဘယ်လောက်ထိတန်ဖိုးထားပြီး ချစ်လဲဆို ကျနော်ကိုယ်တိုင်တောင် ခင်ဗျားနဲ့ထိုက်တန်တဲ့လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ ခံစားရလို့ ခင်ဗျားအနီးမှာမနေခဲ့ဘူး
ခင်ဗျားဟာ အကောင်းဆုံးတွေနဲ့ပဲထိုက်တန်တယ် ပြည့်စုံငြိမ်းချမ်းတဲ့လူတစ်ယောက်ဆီက ချစ်ခြင်းမေတ္တာတွေလက်ခံပြီး တစ်ဘ၀လုံးပျော်ရွှင်အေးချမ်းနေစေချင်တယ်

ကျနော့်တစ်ဘ၀လုံးရဲ့ ဒုတိယဆုတောင်းက
H.... ဆိုတဲ့ လူတစ်ယောက် ကမ္ဘာကြီးရဲ့တစ်နေရာမှာ ကျန်းမာပျော်ရွှင်စွာရှင်သန်နိုင်ဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းအိပ်စက်အနားယူနိုင်ဖို့ပါပဲ

ခင်ဗျားအပေါ်မှာ ဘယ်သူမှမချစ်ပေးနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့
ချစ်ခြင်းတရားအပေါ်မှာအယုံကြည်မမဲ့လိုက်ပါနဲ့ သေးသေးကြီးကြီးတက်နိုင်သလောက်အလှူတွေမှာ ခင်ဗျားနာမည်နဲ့လှူပေးတက်တဲ့ လူတစ်ယောက်ရှိနေပြီး ခင်ဗျားအတွက် မေတ္တာပို့ပေးတက်တဲ့ သူတစ်ယောက်ရှိနေတယ်ဆိုတာ သတိရပေးပါ ဘယ်တော့မှအထီးမကျန်ပါနဲ့ ...
ခင်ဗျားကိုကာကွယ်ပေးနိုင်စွမ်းမရှိသေးပေမယ့်
ကျနော့်ရဲ့ချစ်ခြင်းမေတ္တာဆိုတာကလဲ လက်ဆုပ်လက်ကိုင်မပြနိုင်သေးပေမယ့် ခင်ဗျားရဲ့အနားမှာ ကျနော့်ရဲ့စိတ်ဝိဉာဉ်ကအမြဲရှိနေပြီး စောင့်ရှောက်ပေးပါ့မယ်

my little HONEY💫Where stories live. Discover now