ကျနော်ဟာ December လ ကို သိပ်ချစ်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ဒီလထဲက တစ်ရက်ဖြစ်တဲ့ 18 December မှာတော့ အမှတ်တရကောင်းတွေ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ် 18 Dec 2017 မှာ Jonghuyn ထွက်သွားပီးချိန်ကစလို့ ဒီရက်ကိုရောက်တိုင်း ယူကြုံးမရစိတ်တွေ အားနာစိတ်တွေ အားငယ်စိတ်တွေနဲ့ ရှုပ်ယှက်ခက်နေတက်ပီး ဖြေသာစရာမရှိတဲ့နေ့ရက်တစ်ခုပါပဲ။
ဒီနေ့ဒီရက်ဟာ ကိုယ့်အတွက် Trauma လို့ ယူဆနိုင်ပြီး ...... အကြောင်းပြချက်တစ်ခုထပ်ပေးရမယ်ဆိုရင် ခင်ဗျား YGN မှာ မရှိတာ တစ်နှစ်တိတိပြည့်တဲ့နေ့လဲ ဖြစ်နေပြန်တယ်။
ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် မြန်မာပြည်ကနေ ခင်ဗျားထွက်သွားခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့၊
ကားလမ်းတွေပိတ်ပြီးနောက်ကျနေလို့ မျက်နှာလေးတောင်ခိုးကြည့်ဖို့အခွင့်အရေးမရခဲ့တဲ့နေ့
လေယာဥ်ထွက်ခွာဆိုတဲ့ LED notice ဘုတ်လေးကိုကြည့်ပီး မျက်ရည်မတိတ်ခဲ့တဲ့နေ့
မမှီတော့တာသိပေမယ့် Immigration နေရာထိပြေးတက်သွားပီး ခင်ဗျားအငွေ့အသက်လေးတွေကို ရှာမိခဲ့တဲ့နေ့
ပျံတက်သွားတဲ့လေယာဥ်သံတွေကို နားထောင်ရင်း ကျနော်လိုက်လာမယ်ရယ်လို့ အရူးတစ်ယောက်လိုကတိတွေပေးနေမိတဲ့နေ့
လေဆိပ်ကထိုင်ခုံရောင်စုံလေးတွေမှာ ကျနော်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်ရင်း ပြည်လမ်းကနေ စမ်းချောင်းကိုပြန်မယ့် Airport Bus ကြီးတွေ့တော့ တစ်နေ့နေ့တော့ ခင်ဗျားနဲ့အတူ Airpot Bus ကြီးစီးပြီး အိမ်ကိုအတူပြန်ချင်လိုက်တာ လို့ စိတ်ကူးယဥ်ခဲ့တဲ့နေ့ပေါ့
အဲ့ဒီ့နေ့က အရမ်းကိုတွေ့မြင်ချင်ခဲ့တာပါ .. အဲ့ဒီ့နေ့တစ်ရက်တည်းမဟုတ်ပါဘူး၊ ခင်ဗျား YGN ကို ပြန်ရောက်နေတာသိတည်းက တွေ့ရချင်လွန်းလို့ ခင်ဗျား FB မှာ check in တင်တဲ့နေရာတိုင်းကို ဒီကောင်က ပြေးငေးခဲ့ရတာ
30 Sept 2019 မှာ ခင်ဗျား အဲ့ဒီ့နိုင်ငံကိုထွက်သွားပီး အလုပ်လုပ်နေရင်းနဲ့ ၂ လကြာပီး ဒီဇင်ဘာလထဲမှာ ရုတ်တရတ်ကြီးပြန်လာတော့ အရမ်းပျော်သွားခဲ့တာ ... ၁၀ ရက်လောက်နေပီးမှ ပြန်သွားခဲ့တာတောင် မျက်နှာလေးကိုမမြင်လိုက်ရဘူး။
YOU ARE READING
my little HONEY💫
Non-Fictionကျနော် သိပ်ကိုချစ်မြတ်နိုးရတဲ့လူတစ်ယောက်အကြောင်း ကျနော်မပြောဖြစ်ခဲ့တဲ့ စကားတွေအကြောင်း ကျနော်မလှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းတွေအကြောင်း ကျနော်ရဲ့ အသုံးမကျမှုတွေအကြောင်း ကျနော် သူ့ကိုသိပ်လွမ်းနေတဲ့အကြောင်း