31 Oct 2018, 2 yrs ago

12 1 0
                                    

ဒီနေ့လေးက ကိုယ်နောက်ဆုံးအကြိမ် မင်းမျက်နှာကိုအကြာကြီးမြင်ခွင့်ရတာ နှစ်နှစ်ရှိသွားပါပြီ

31 Oct 2018 Halloween night တုန်းက The Vibe မှာ မင်းမျက်နှာကို အကြာကြီးငေးခွင့်ရတာဟာ 2016 မှာ ကိုယ်အလုပ်ထွက်ခဲ့ပြီးတည်းကဆိုရင် နောက်ဆုံးအကြိမ်ပါပဲ 

ဒီနှစ်တွေမှာ ကိုယ်အရမ်းလွမ်းနေခဲ့တယ်ဆိုတာ ပြောပြချင်လိုက်တာ သဲရယ် ....

ကိုယ့်ဘဝမယ် မင်းကိုချစ်မိတဲ့ ငါးနှစ်တာလုံးရော ခုရှေ့ဆက်မယ့်အချိန်တွေမှာရော ..  မင်းအကြောင်းအားလုံးက လှပနေဦးမှာပါပဲ 

ဘာတွေဘယ်လိုပဲဖြစ်လာပါစေ .. ဘဝမှာ မင်းကိုချစ်မိတဲ့အချစ်တွေနဲ့ မင်းဟာ ကိုယ့်အတွက်သိပ်ကိုတန်ဖိုးရှိပါတယ်

နာကျင်ခံစားခဲ့ရသလိုအချိန်တွေ ခံစားချက်တွေရှိပေမယ့် ... ကိုယ့်ဘဝမယ် မင်းကိုချစ်မိတဲ့အတွက် ဒီတစ်ဖက်သက်အချစ်ကို တိုးဝင်မိခဲ့တဲ့အတွက် ဘယ်တော့မှ ဘယ်အခါမှ ကိုယ်နောင်တရဖို့မရှိဘူးနော် 

ကိုယ့်ရဲ့အဖိုးတန်လေး ကိုယ့်အသည်းနှလုံး‌လေးရေ ..... အရမ်းလဲလွမ်းတယ် အရမ်းလဲချစ်ပါတယ် 

Everything is temporary but not you Honey.

#Love_is_HLN 

my little HONEY💫Where stories live. Discover now