ဒီနေ့သူ့ကိုကျတော်ပိုင်ဆိုင်ခွင့်ရပြီ...သူ့သဘောအတိုင်းအကျဉ်းချုပ်သာလုပ်လိုက်ရတဲ့မင်္ဂလာပွဲလေး...သူ့အဖေရက်လည်ပြီးနော်နှစ်ရက်မြောက်မှာလက်ထပ်ခဲ့ကြတယ် သူတို့ရဲ့ကုမ္ပဏီကလည်းအခုကျတော့်နဲ့ပူးပေါင်းလိုက်တဲ့အတွက်အရင်လိုပုံမှန်ပြန်ဖြစ်လာပြီလေ..ကျတော့်အိမ်မှာပဲသူ့ကိုနေခိုင်းတယ် သူတို့ရဲ့အိမ်ကတော့သူ့ညီJiminနဲ့သူငယ်ချင်းတစ်ယောက်နေမယ်တဲ့...
ရောက်ပြီ ဆင်းလို့ရပြီ...
ကျတော်ပြောတော့သူကကားထဲကဆင်းသွားပြီးအိမ်ထဲအရင်ဝင်သွားလေရဲ့...ကျတော်လဲကားပေါ်ကဆင်းပြီးအိမ်ထဲဝင်လာတော့...Daddy.....
Arrr..Daddyမင်းသားလေး ဘာစားပြီးသွားပြီလဲ...
ထမင်းစားပြီးသွားပါပြီDaddyရဲ့...
ဟုတ်ပါပြီဗျာ စားပြီးရင်လည်းပြီးတာပါပဲ မိတ်ဆက်ပေးရအုံးမယ်သားသား ဒါကသားသားရဲ့Papa Kim Seok Jinတဲ့
ဟုတ် မင်္ဂလာပါPapa သားနာမည်ကKim Kookieပါ
Arrr အင်း Papaမှတ်ထားမယ်နော်..
သားသားသွားအပေါ်မှာစာသွားလုပ်တော့
ဟုတ်Daddy နဲ့Papaတာ့တာ
လုံးလုံးလေးနဲ့အပေါ်ထပ်ကိုပြေးတပ်သွားတဲ့ကလေးလေးကိုကျတော်အခုထိကြောင်ပြီးကြည့်နေမိတုန်း Kim Nam Joonမှာသားရှိတယ်လို့မကြားမိပါဘူး ဒီကလေးက?မဟုတ်မှတိတ်တိတ်ပုန်းမိန်းမတွေများရှိတာလား?ဟာ ဒီလူကြီးက...မင်းသားသားအကြောင်းတွေးနေမယ်လို့ငါထင်တယ်!!သားသားကို၃နှစ်သားထဲကငါမွေးစားခဲ့တာ သူအခုပဲ၆နှစ်ရောက်နေပြီ သူ့ကိုငါအမြဲလှူနေကြမိဘမဲ့ဂေဟာကနေမွေးစားတာ သားသားကအရမ်းချစ်ဖို့ကောင်းလို့လေ ငါမှာဘာတိတ်တိတ်ပုန်းမိန်းမတွေမရှိဘူးနော် ငါကအခုထိလူပျိုပဲ
Jin pov(အိ...ဒီလူကြီးစိတ်များဖတ်တက်နေတာလား သူလူပျိုပါဆိုတာတောင်ကြော်ငြာသွားသေးတယ်)