Episode-11[Unicode]

266 12 0
                                    

အချိန်က နံနက် ၁၀ နာရီလောက်... နေရာ ကတော့ အပြာရောင်တွေ လွှမ်းခြုံထားတဲ့ Kim Taeyeon ရဲ့ အိပ်ခန်းထဲမှာ...

Tae တစ်ယောက် ခေါင်းကို ဖိကာ ညည်းလိုက်သည်... ပြီးတော့ အိပ်ရာ ဘေးက စားပွဲပေါ်မှာ ဟိုစမ်းဒီစမ်းဖြင့် ရေလိုက်ရှာနေသည်...

ထိုစဉ်

Yoona ::: ရော့... ဒါ သောက်လိုက်...

ရုတ်တရတ်ဆိုတော့ Tae လန့်သွားပြီး...

Tae ::: Yah... Im Yoona... အသံလေးဘာလေး ပေးပါဟ... လန့်လိုက်တာ...

Yoona ::: လန့်တတ်တယ်ပေါ့... Kim Taeyeon က... Nae Nae... နောက်ဆို သတိထားပါ့မယ်...

Yoona က ရွဲ့ပြီး ပြောလိုက်တော့ Yoona ကို Tae မကြည်သလို တစ်ချက်ကြည့်ကာ...Yoona လှမ်းပေးတဲ့ ပျားရည်ခွက်ကို ယူသောက်လိုက်ပြီး

Tae ::: ဘယ်နနာရီ ထိုးသွားပြီလဲ...

Yoona ::: ၁၀နာရီ...

Tae မျက်လုံး ပြူးသွားပြီး

Tae ::: ဘာ... ၁၀ နာရီ... ငါ့ကို ဘာလို့ မနိူးတာလဲ...

Yoona ::: နင်အခု နိုးတာတောင် ထချင်လို့လား... ခေါင်းတွေ အရမ်းကိုက်နေတယ် မလား... အိမ်တောင် ငါတွဲခေါ်လာလို့ ပြန်ရောက်လာတာ... တစ်လမ်းလုံးလည်း ပါးစပ်ကနေ ဘာတွေ ပြောလာမှန်း မသိဘူး...

Tae ::: မနေ့က...

Tae ခဏစဉ်းစားလိုက်ကာ

Tae ::: Ahh... သိပြီ...

Tae က နားထင်ကို လက်ဖနောင့်နဲ့ ကိုင်လျက် ခေါင်းအုံးကို ထောင်လိုက်ကာ ကျောမှီထားလိုက်သည်...

Yoona ::: ဟုတ်တယ်... ကျောင်းသားဟောင်း တွေ့ဆုံပွဲ သွားတယ်...

Yoona က ပြောတာ ခဏရပ်သွားလေသည်... Tae ကတော့ ခေါင်းကိုနှိပ်ရင်း Yoona တိုက်တဲ့ ပျားရည်ကိုသောက်နေလေသည်....

Yoona ::: ထပ်စဉ်းစားအုံး... ဘယ်သူ့ကို ဘာလုပ်ခဲ့လဲ ဆိုတာ...

Tae ::: ငါက ဘာလုပ်....

Tae စဉ်းစားလိုက်ပြီး တစ်ဆက်တည်း မျက်လုံးပါ ပြူးသွားသည်...

Tae ::: ငါ... Tiffany ကို...

Tae မျက်လုံးပြူးပြီး ရေရွက်လိုက်တော့

Be MineWhere stories live. Discover now