Episode-15[Unicode]

362 10 0
                                    

(A/N နည်းနည်း + ထားပါတယ်...🔥 + တာ မကြိုက်ရင် မဖတ်ပါနဲ့နော်... ကျန်တဲ့ အပိုင်းတွေလည်း မဖတ်ဘဲ မနေနဲ့အုံး... ဒီအပိုင်းပဲ ပြောတာ😆... )

__အချိန်မှာ မနက်၇နာရီခန့်__

တင်းတောင်--တင်းတောင်

အိမ်ရှေ့က လူခေါ်ဘဲလ်ကြောင့် Tae နိုးသွားလေ၏... Tae က တစ်ယောက်တည်း နေတာ ဆိုတော့ တံခါးကို ကိုယ်တိုင်ပဲ ထဖွင့်လိုက်ရကာ တံခါးဖွင့်ဖွင့်ချင်းမှာပဲ တစ်ကိုယ်လုံး သိမ်းယူ ဖက်လိုက်ခြင်းကို Tae ခံစားလိုက်ရသည်... အိပ်ရာက နိူးလာကာစ ဆိုတော့ အိပ်မက် လိုလို ဘာလိုလို...

သူမ ကိုယ်သင်းရနံ့ကို ရပေမယ့် ထပ်ပြီးသေချာချင်တာကြောင့် Tae သူ့ကို ဖက်ထားသည့် ကိုယ်လုံးလေးကို ဆွဲယူလိုက်ကာ မျက်နှာလေးကို သေချာကြည့်တော့ ငိုမဲ့မဲ့ လေးဖြစ်နေသည့် Fany မျက်နှာလေး မြင်လိုက်ရတော့ အရမ်း အံ့ဩသွားလေသည်... ပြီးတော့ ထိုမျက်နှာလေးကို ရင်ခွင်ထဲ ထည့်သိမ်းလိုက်ကာ တင်းကျပ်စွာ ပွေ့ဖက် လိုက်ပြန်သည်...

သူမဆီက အပြစ်တင်သံ တိုးတိုးလေးကို ကြားနေပေမယ့် ပျော်သည်... သူမကို တွေ့လိုက်ရလို့ ပျော်သည်... သူ မထင်မှတ်သည့် အချိန်မှာ ရောက်လာလေတော့ ပိုပျော်ကာ လွတ်မသွားအောင် ဖက်ထားရင်း သူမ ဆံနွယ်လေးတွေကြားကို မျက်နှာဖြင့် တိုးဝှေ့ကာ သူမရဲ့ ကိုယ်သင်းရနံ့လေးတွေကို တစ်ဝကြီး ရှုရှိုက်ပြီး အလွမ်းဖြေနေလိုက်ရခြင်းဟာ တစ်ခါမှ မရောက်ဖူးတဲ့ ကောင်းကင်ဘုံကို ရောက်နေရသလို ခံစားမှူမျိုးပင်.....

အကြာကြီး ဖက်ထားလို့ အားရတော့မှ Fany ကို ဖက်ထားတာကို Tae ဖယ်လိုက်ပြီး Fany လက်ကို ဆွဲကာ အိမ်ထဲ ပြန်ဝင်လာခဲ့ကာ Fany ကတော့ Tae နောက်က ဖြည်းညင်းစွာ လိုက်လာလေသည်...

အိမ်ထဲရောက်ရောက်ချင်းပင် Fany က Tae နောက်ကနေ သိုင်းဖက်လိုက်သဖြင့် Tae ခြေလှမ်းတွေ ရပ်တန့်သွားရလေ၏...

Fany ::: ဘာလို့ ရုတ်တရတ်ကြီး ထွက်သွားတာလဲ... ဘယ်လောက်စိတ်ပူခဲ့ရလဲ သိလား...😢

Fany ခုနကတည်းက ငိုမဲ့မဲ့လေး ဖြစ်နေခဲ့ကာ အခုမှာတော့ ငိုသံပါနေလေပြီ... မျက်ရည်တွေကလည်း ကျနေလေပြီ...

Be MineWhere stories live. Discover now