*အကယ်၍ မင်းနဲ့ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတာသာ ကြိုသိခွင့်ရခဲ့ရင်။ မင်းကိုဘယ်တော့မှ ထပ်မထိတွေ့နိုင်တော့ဘူးဆိုတာသာသိခဲ့ရင်။ မင်းကို ဘယ်တော့မှ ထပ် ငေးကြည့်ခွင့်မရနိုင်တော့ဘူးဆိုတာသာ သိခဲ့ရင်....*
ကောင်လေးတစ်ယောက်။ မျက်ဝန်းနှစ်ဖက်က နီရဲကာနေပြီး မျက်နှာတစ်ခုလုံးကလည်း ညိုးငယ်နွမ်းဖက်နေလေသည်။ ဒူးနှစ်ဖက်ကိုထောင်ကာထားပြီး အခန်းတစ်ခုရဲ့ နံရံထောင့်တစ်နေရာကိုနောက်ကျောမှီကာ ထိုင်နေလေ၏။
ငိုလိုက်ရင် နာကျင်မှုတွေအနည်းငယ်လောက်တော့ လျော့ပါးသွားလောက်လေမလားလို့ သူတွေးမိပေမဲ့ မျက်ရည်က တစ်စက်မျှကိုကျဆင်းမလာကြပဲ ရင်ထဲကသာဆို့နင့်မှုကို ခံစားနေရသည်။ မျက်ဝန်းနှစ်ဖက်က ကြမ်းပြင်ကိုသာ တစ်ချိန်လုံးငေးစိုက်ကြည့်နေပြီး လက်တစ်ဖက်က သူ၏ ရင်ဘတ်ကိုသူပြန်ထုနေလေသည်။
ထိုကောင်လေးနှင့်မလှမ်းမကမ်းတွင်တော့ ဈာပနာအခမ်းအနားအပြင်အဆင်နှင့် အဖြူရောင်ပန်းပွင့်တို့ကြား ရီမောပျော်ရွင်နေသော ကောင်လေးတစ်ယောက်၏ ဓာတ်ပုံကိုထောင်ကာထားသည်။
ဈာပနာအခမ်းအနားပြီးဆုံးတော့ ဧည့်သည်တွေအားလုံးနီးပါးလည်း ပြန်ကာသွားလေပြီဖြစ်သည်။ ထိုကောင်လေး၏မိဘများသည်လည်း ဝမ်းနည်းပူဆွေးနေကြပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမရင်းနှင့်ပင် ပြန်သွားကြလေသည်။
ဈာပနာခမ်းမကြီးတစ်ခုလုံးကို အမှောင်ချကာ မီးအလင်းရောင်ပိတ်စေလိုက်တော့သေဆုံးသူ၏ နေရာတစ်ခုသာ မီးရောင်အနည်းငယ်ထင်ကျန်နေခဲ့သည်။
ရှန့်ချင်တုန်းက ရုတ်တရက်မတ်တပ်ကောက်ရပ်လိုက်ပြီး ထိုသေဆုံးသူကောင်လေးရဲ့ဓာတ်ပုံရှေ့သို့လျှောက်လာလိုက်သည်။ အလည်တည့်တည့်နားလောက်တွင် ရပ်တန့်လိုက်ပြီး ထိုကောင်လေး၏ ဓာတ်ပုံအား အချိန်အတော်ကြာသည်အထိ ငေးစိုက်ကြည့်နေလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကျဆင်းလာခဲ့သော မျက်ရည်စတို့က မျက်ဝန်းတစ်ခုလုံး၏အမြင်အာရုံကိုပိတ်လှောင်ပစ်သည်အထိ စွမ်းဆောင်နိုင်လွမ်းသည်။ ချင်တုန်းက ဒူးထောက်ထိုင်ချပစ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ငိုလေတော့သည်။
![](https://img.wattpad.com/cover/227464215-288-k283174.jpg)
VOCÊ ESTÁ LENDO
A Day With You (Oneshot) [Complete ]
ContoSummary ရှန့်ချင်တုန်းဟာ သူတိတ်တခိုးချစ်ရတဲ့သူငယ်ချင်းလီဝမ်ချင်းရဲ့ စျာပနာကိုတတ်ရောက်ခဲ့ပြီးနောက် သူရဲ့တိုက်ခန်းကိုပြန်လာခဲ့တယ်။ သို့သော် ထူးဆန်းစွာနဲ့ပဲ နောက်တစ်နေ့မနက်မှာ သေဆုံးသွားပြီးတဲ့ သူငယ်ချင်းဖြစ်သူက သူ့တိုက်ခန်းရှေ့ကို သူနဲ့အတူ ကျောင်းသွား...