မြောက်ဖက်အရပ်မှာ တရားစီရင်ခြင်း

37 3 0
                                    

၃ ရက်ခန့်ကြာပြီးချိန်တွင် ချန်ဘုရင်နှင့် ကျန်းစစ်သူကြီး တို့သည် မြောက်ဘက်အရပ်သို့ ခရီးနှင်ခဲ့၏။ မြောက်အရပ်သို့ အရင်ရောက်ရှိနေပြီဖြစ်သော အိမ်ရှေ့စံ မသိစေရန်အလို့ငှာ နောက်လိုက်အနည်းငယ်သာခေါ်၍ အမဲလိုက်ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ မင်းကြီးကိုမူ အမဲလိုက်ခရီးစဉ်ကိုလျို့ဝှက်သွားခြင်းက မင်ကြီး၏ လုံခြုံရေးအတွက် အပြင် မြောက်ဖက်အရပ်ကိုပါ လျို့ဝှက်လေ့လာနိုင်သည်ဟု ဆိုထားခဲ့သည်။
" စစ်သူကြီးကျန်း... နှစ်တစ်ထောင် အမွှေးနီ ဒရယ် တကယ်ရှိတာသေချာပါတယ်နော်.."
" အရှင်မင်းကြီး သားကောင်က တကယ်ရှိပါတယ်..ခိုင်လုံတဲ့ သတင်းအချက်အလက်လည်း ရထားပါတယ်..အစကတော့ ကျွန်တော်မျိုးကိုယ်တိုင် ဖမ်းပြီး အရှင့်ကို ဆက်သ ချင်ပေမယ့် အရှင်ကိုယ်တိုင် ဖမ်းရတာ ပိုနှစ်သက်မယ်ထင်လို့ပါ... ကျွန်တော်မျိုး အရှင့်ကို လိမ်လည် မလှည့်ဖျားရဲပါဘူး.. "
" ဟား..ဟား..ဟားဟား စစ်သူကြီး ကျန်းကို ယုံပါတယ်.. ကျုပ်တို့ အတူတူတိုက်ပွဲဝင်လာခဲ့တာလည်း နည်းမှမနည်းတော့တာ.. ကျုပ်က စကားအဖြစ် ပြောလိုက်တာပါ.. အမဲလိုက်တဲ့ အကြောင်းမဟုတ်ပဲ တခြားအကြောင်းအရာများရှိနေမလားလို့ပါ."
ကျန်းစစ်သူကြီး က သက်ပြင်းတစ်ချက် မသိမသာချလိုက်ရင်း
" တကယ်တော့ တစ်ခြားအကြောင်းအရာလည်းရှိပါတယ် အရှင်..ဒါပေမယ့် ကျွန်တော်မျိုးပါးစပ်ကနေထုတ်ပြောဖို့မသင့်လျော်လို့ အရှင့်မျက်စိ နဲ့မြင်ရရင် ပိုသင့်တော်မယ်ထင်လို့ ဒီလိုခေါ်ထုတ်လာရတာပါ.."
" အင်း.. အိမ်ရှေ့စံနဲ့ ပတ်သတ်နေတာလား စစ်သူကြီးကျန်း "
" ကျွန်တော်မျိုး သေချာပေါက် မပြောရဲသေးပါဘူး.. ကျွန်တော်မျိုးကြားထားတဲ့ သတင်းတချို့က စိုးထိတ်စရာကောင်းပေမယ့် အမှန်မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ် အရှင်"
ကျန်းစစ်သူကြီး သည် စကားဆိုရင်း ဘုရင်မင်းမြတ်၏ မျက်နှာအရိပ်အယောင်ကို သတိထားနေ​သော်လည်း ချန်ဘုရင်၏ မျက်နှာသည် မည်သည့်အရိပ်အယောင်မျှမပြပေ။ အိမ်ရှေ့စံနှင့်ပတ်သတ်၍ သွေးထိုးစကားများကို ဆိုချင်သော်လည်း ဘုရင်၏ စိတ်အခြေအနေကို ခန့်မှန်း၍ မရသောကြောင့် စကားကို ထိန်းပြီးသာ ပြောနေရသည်။ သို့ပေမယ့် မြောက်ဖက်အရပ်ကို ရောက်ဖို့က ၃ ရက်တာခန့်သွားရဦးမည်ဖြစ်ပြီး အချိန်ရှိနေသေးသည်။ ထိုအချိန်အတွင်း ဘုရင်မင်းမြတ်၏ အိမ်ရှေ့စံအပေါ်ထားသည့်စိတ်ကို အနည်းငယ် ယိမ်းယိုင်စေပြီး အိမ်ရှေ့စံ၏ မြောက်ဖက်မျိုးနွယ်စုများ၏ လျို့ဝှက်တွေ့ဆုံမှုသာ တွေ့သွားခဲ့ရင် အရာရာသည် မိမိဖြစ်စေချင်သည့်အတိုင်းဖြစ်ပေတော့မည်ဖြစ်သည်။ ကျန်းစစ်သူကြီး သည် စိတ်ထဲမှအကြံအစည်များကို ချမှတ်နေပြီး ကျေနပ်နေသည်။

ကံကြမ္မာနှင့်ယှဉ်၍ ( Zawgyi Ver.)Where stories live. Discover now