#UNICODE
"အင်း"
မှူးသခင်အိပ်နေရင်းကနေ ခါးကိုအနောက်ကနေတစ်စုံတစ်ယောက်ကတင်းကြပ်စွာဖက်ထားမှုကြောင့် နိုးလာရခြင်းဖြစ်တယ်။
မနေ့ညကမောင့်ရင်ခွင်ထဲမှာငိုရင်းနဲ့ပဲအိပ်ပျော်သွားတာအခုထိပဲ။မှူးဘယ်လိုအိပ်ပျော်သွားမှန်းလဲမသိဘူး။
မှူးရဲ့ခါးကိုတင်းကြပ်စွာဖက်ထားတဲ့မောင့်လက်ကိုအပေါ်ကနေပြန်ထပ်ကိုင်ပြီးမှူးရဲ့နောက်ကျောကမောင့်ကိုလှည့်ကြည့်လိုက်တယ်။
မှူးအတွက် မောင့်ရင်ခွင်ကနွေးထွေးတယ်။လုံခြုံတယ်လို့ခံစားရစေတယ်။
မောင်ကမှူးထက်အသက်ငယ်ပေမဲ့မှူးထက်အများကြီးတော်တယ်။ရင့်ကျက်တယ်။ဦးဆောင်နိုင်တဲ့အရည်အချင်းတွေရှိတယ်။
ကုမ္ပဏီကိုလည်းစနစ်တကျအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ပြဿနာတွေရှိလာရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်တယ်။
ဒါကြောင့်မို့လို့လဲမောင်ကအချိန်တိုအတွင်းမှာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာတယ်။
မှူးသခင် မင်းစေလိုရာအနောက်ကနေခါးကိုသိုင်းဖက်ထားတဲ့လက်ကိုအသာလေးဆွဲမပြီးကုတင်ပေါ်ကနေဖြေးဖြေးလေးဆင်းတယ်။
မှူးသခင်ကုတင်ကနေဆင်းပြီးရေချိုးခန်းကိုအရင်သွားတယ်။
ရေချိုးခန်းထဲကဘေစင်ဘေးနားမှာချိတ်ထားတဲ့ခွက်ထဲက မောင့်သွားတိုက်တံကိုအရင်ထုတ်ပြီးသွားတိုက်ဆေးထည့်ပေးပြီးဘေစင်ရဲ့ဘောင်ပေါ်မှာတင်ထားပေးလိုက်တယ်။
ပြီးမှမှူးသခင် မျက်နှာသစ်သွားတိုက်ပြီးမင်းစေလိုရာအတွက် မနက်စာပြင်ပေးဖို့အောက်ထပ်ကမီးဖိုဆောင်ကိုသွားတယ်။
မှူးသခင် မောင့်အတွက်ပဲပင်ပေါက်ဟင်းချိုကိုအရင်ချက်လိုက်တယ်။
ပြီးတော့မှပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုပြင်ဆင်နေလိုက်တယ်။
YOU ARE READING
Till My Last Day {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ}
Romance(UNICODE//ZAWGYI) #🚨Abuse Type ပါနော်🚨# Mature Onပါ။🚨 ဒီ fic ထဲမှာပါတဲ့အကြောင်းအရာအားလုံးက MEI ရဲ့စိတ်ကူးသက်သက်မျှသာဖြစ်၍စိတ်ကူးယဉ်အတွေးများသာဖြစ်ပါတယ်နော်။ မည်သူ့အပေါ်ကိုမှထိခိုက်နစ်နာစေလိုသည့်ဆန္ဒမရှိပါ။ထို့ကြောင့်နားလည်ပေးစေလိုပါသည်။? Start D...