Chapter[6]

14.3K 852 28
                                    

#UNICODE

"သားလေး"

ကျွန်တော်မြူတွေအုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့လမ်းသွယ်လေးတစ်ခုကိုလျှောက်လာရင်းကျွန်တော့်နောက်ကျောဘက်ရဲ့ခမ်းလှမ်းလှမ်းကနေမေမေ့ရဲ့ခေါ်သံကိုကြားလိုက်တယ်။

ကျွန်တော်ကြားကြားချင်းအနောက်ကိုအမြန်လှည့်ကြည့်လိုက်တော့ မေမေ။

"မေမေ"

ကျွန်တော့်နှုတ်ခမ်းပါးကနေမေမေလို့လည်းခေါ်လိုက်ရော မေမေကနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာတယ်။

ပြီးတော့သူမရင်ခွင်ဆီလာခဲ့ဆိုတဲ့သဘောနဲ့သူမရဲ့လက်နှစ်ဖက်ဘေးသို့အနည်းငယ်ဆန့်တန်းပြတယ်။

ကျွန်တော်လည်းခပ်လှမ်းလှမ်းမှာရပ်ပြီးပြုံးပြနေတဲ့မေမေ့အနားကိုပြေးသွားပြီးမေမေ့ရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်။

"မေမေ့သားလေးတောင်အရွယ်ရောက်လာပြီပဲ။"

ကျွန်တော်လည်းမေမေကိုပြေးဖတ်ပြီးမေမေ့ရင်ခွင်ထဲခေါင်းတိုးဝှေ့နေတုန်းမေမေကကျွန်တော့်ဆံပင်လေးတွေကိုသပ်ချ
ပေးရင်းဆိုသည်။

"မေမေ..မေမေ့ကိုသားအရမ်းလွမ်းတာပဲ။"

"မေမေလည်းမေမေ့သားလေးကိုလွမ်းနေတာ"

မေမေနဲ့ကျွန်တော်ဖက်နေရင်းကနေမေမေကနည်းနည်းခွာလိုက်ပြီးသူမရဲ့လက်လေးနဲ့ကျွန်တော်ပါးပြင်ကိုဖွဖွလေးဆွဲပွတ်ပြီးပြောတယ်။

"မေမေ..သားမေမေ့ကိုမေးစရာတစ်ခုရှိတယ်။"

"မေးလေ"

"မေမေ..မေမေကမောင်တို့မိသားစုကိုပြိုကွဲအောင်လုပ်ခဲ့တယ်ဆိုတာတကယ်လားဟင်။"

"သားတော့မေမေ့လိုစိတ်ကောင်းရှိတဲ့သူကဒီလိုလုပ်ရပ်မျိုးကိုလုပ်မယ်လို့မထင်ဘူး။"

"မေမေချောက်တွန်းတာခံလိုက်ရတာ။"

"ဗျာ။"

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Where stories live. Discover now