11(zawgyi+unicode)

5.6K 628 230
                                    

(Unicode)

"Aa...Appa"

JiminကYoongiအရှေ့ကနေရပ်ရင်း

"Appa ဘယ်...ဘယ်လိုရောက်လာ အာ့"

ခပ်ပြင်းပြင်းရိုက်ချက်က Jiminပါးကိုဆတ်ခနဲ

ပါးလေးကိုကိုင်ကာ မျက်ရည်အဝိုင်းသားနဲ့ပြန်ကြည့်တော့

"အလုပ်ကိစ္စရှိလို့လာတာနဲ့ မင်းကိုဝင်ကြည့်မိတာ မင်းက အခုမင်းအကောင်နဲ့သာယာနေတယ်ပေါ့!"

"မဟုတ်ဘူး Appa သူက သူငယ်ချင်း"

"တိတ်စမ်း! ငါ့ကိုလိမ်လို့ရမယ်ထင်နေလား ဟမ်း အသုံးမကျတဲ့ကောင်"

"ကျွန်တော် တောင်းပန်ပါတယ် Appa"

"မင်းအမေ မပါလာလို့ပေါ့ ပါလာရင်တော့ ဟာကွာ မင်း!"

လက်ကနောက်တစ်ခါJiminကိုရိုက်ရန်ရွယ်တော့ ထိုလက်ကိုဆုပ်ကိုင်လိုက်တဲ့Yoongi
Jiminအဖေရဲ့မျက်နှာကို ခပ်တည်တည်သာစိုက်ကြည့်ပြီး

"သူ့ကိုထပ်ထိရင် သူ့အဖေဖြစ်လည်း ကျွန်တော်ငြိမ်ခံနေမှာမဟုတ်ဘူးနော်"

"ဟက် မင်းအကောင်က အကြောနဲ့ပါလား Park Jimin အေးမင်းစောက်ချိုးဒီအတိုင်းဘဲဆက်သွားမယ်ဆိုရင် မနက်ဖြန် အိမ်ပေါ်ကဆင်း မင်းကိုငါမတွေ့ချင်ဘူး Busanကအိမ်ကိုလည်းပြန်မလာနဲ့ နားလည်လား!"

အော်ငေါက်ပြီး ပြန်ထွက်မယ်လုပ်တော့ Jimin ကသူ့Appaခြေထောက်တစ်ဖက်ကိုဖက်ဆွဲထားကာ

"Appa မလုပ်ပါနဲ့ အဲ့လိုမလုပ်ပါနဲ့"

"ဖယ်စမ်း! "

ထွက်သွားသော Appaကျောပြင်ကိုသာငေးကြည့်ရင်း မျက်ရည်တို့က အတိုင်းအဆမရှိ။ထို့နောက် ဘေဘီဟူသော ခေါ်သံနှင့်အတူ ရင်ခွင်တစ်ခုထဲအင့်ခနဲရောက်သွားသည်။

"Yoongi ဟင့် Appaကျွန်တော့်ကို မချစ်တော့ဘူးထင်တယ် Yoongiကျွန်တော်အရမ်းဝမ်းနည်းတယ် *sob*"

ခုနကJiminအဖေဖြစ်နေလို့သာ သူဘာမှပြန်မလုပ်တာ စိတ်ထဲမှာတော့ ထိုလူအမှုန့်ပင်ဖြစ်နေလေပြီး

"အရင်ဆုံးအိမ်ထဲဝင်ရအောင် ဘေဘီ"

Yoongi Jiminတစ်ကိုယ်လုံးကို အသာလေးပွေ့ကာ အခန်းထဲသို့ချီသွားလိုက်သည်။ကုတင်ပေါ်ချပေးပြီး နဖူးကိုစမ်းလိုက်တော့
ငိုထားတဲ့အရှိန်ကြောင့်ထင် ကိုယ်ကပိုပူလာသလို။အဖျားကျဆေးသွားယူပြီး ဆေးတိုက်မယ်ပြင်တော့

Doll[M.Y.G×P.J.M]✔Where stories live. Discover now