13(zawgyi+unicode)

5.1K 595 112
                                    


(Unicode)

ကျောင်းအပြန်လမ်းမှာ ရေခဲမုန့်စားချင်တယ်လို့ တကျီကျီ ပူဆာနေတာမို့ Yoongiနားတွေငြီးရလေပြီး

မကျွေးချင်တာတော့မဟုတ် ဒီကောင်လေးအားအားရှိ အချိုကြီးဘဲ စားနေတာမို့
ချောင်းဆိုးဘာဆိုးစိတ်ပူရပြန်

ပြောမရတော့လည်း ရေခဲမုန့်ဝယ်ကျွေးလေတော့ "Yoongiက အရမ်းချစ်ဖို့ကောင်းတာဘဲ"ဆိုပြီး ပါးကိုလစ်ခနဲလာနမ်းပြန်တယ်။ ချစ်ဖို့ကောင်းလိုက်တယ်ဆိုတာ။

အိပ်ပြန်ရောက်တာနဲ့ အနည်းငယ်ပင်ပန်းနေတာမို့ Yoongi sofပေါ်တွင်သာ ပစ်လှဲလိုက်သည်။Jiminကတော့ ကုပ်ကုပ် ကုပ်ကုပ်နှင့် ကျောပိုးအိတ်လေးလွယ်ကာ အခန်းထဲဝင်သွားလေပြီး။

တစ်အောင့်ကြာမှ အခန်းထဲဝင်တော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ ဘာကိုတွေးနေမှန်းမသိတဲ့Jiminမှာ Yoongiဝင်လာတာကိုတောင် သတိထားမိပုံမရ။ သူ့အတွေးနဲ့သူရှိပါစေဟုတွေးရင်း ကျောပိုးအိတ်ကိုချမလို့ရှိသေး မိမိကိုကျောပေးကာ ကျောင်းဝတ်စုံကို ချွတ်နေတာမို့ Yoongiမျက်လုံးက Jiminကိုယ်ကနေမခွာတော့ တစ်လွှာချင်းချွတ်နေရင်း boxerလေးတစ်ထည်သာ ကျန်တဲ့အချိန်ရောက်မှ ရုတ်တရက်Jiminက Yoongiဘက်လှည့်လာမိတော့

"အား! Yoongi ဘာလုပ်နေတာလည်း ထွက်သွား အခုသွား!! "

Yoongiကိုတွေ့တာနဲ့ ခုနကချွတ်ချထားတဲ့အကျီကိုကောက်ဆွဲကာ ခါးအောက်ပိုင်းကိုခပ်မြန်မြန်ဖုံးရင်း

"ပေပီကလည်း ကိုယ်ကဒီအတိုင်း"

"ဘာဒီအတိုင်းလည်း အသံမပေးဘာမပေးနဲ့ အခုမြန်မြန်သွား"

"မမြင်ဖူးတာကျနေရော"

"အာခင်များ သွားဆိုသွားဗျာ"

"အင်းပါ မြင်ရတော့မယ့်ဟာကိုကွာ"

"ဘာ ခင်များနော်!"

"သွားပြီးသွားပြီး အရှက်တုံးလေးရဲ့"

_______________Doll_______________

ညဘက်ရောက်တော့ ညစျေးတန်းဘက်မှာ မုန့်ထွက်စားချင်တယ်လို့ ပူဆာပြန်တော့ ကောင်လေးအလိုကျ လိုက်ပို့ပေးရပြန်သည်။တစ်ဆိုင်ပြီးတစ်ဆိုင် သူစားချင်ရာစားပြီးပျော်နေတာများ ကလေးမုန့်ရသည့်အတိုင်း။

Doll[M.Y.G×P.J.M]✔Where stories live. Discover now