Love's Hate(1)

254 26 0
                                    

Unicode

လေပြေတိုက်ခတ်သွားချိန်မှာ သစ်ရွက်လေးတွေက လေညှင်းလေးနဲ့အတူ ယိမ်းနွဲ့သွားကြသည်။ လေညှင်းဒဏ်ကို မခံနိုင်တဲ့သစ်ရွက်ဝါတို့ကတော့ မြေခနေပြီ...။

သစ်ရွက်လေးတွေနဲ့အတူ ယိမ်းနွဲ့နေတဲ့ အညိုရောင်ဆံနွယ်လေးတွေ... သူမ ရဲ့ ဝတ်ရုံလေးပေါ်မှာတော့ ကနုတ်ပန်းလေးတွေနဲ့ ကျားပုံရေးဆွဲထားသည်။ ထိုအသက် ၈နှစ် ၉နှစ် အရွယ် ကောင်မလေးသည် လတ်ဆတ်သော လေပြေလေးကို ရှူရှိုက်ရင်းသစ်ကိုင်းပေါ်မှာ အိပ်မောကျနေပုံမှာ ကြောင်ပေါက်လေးအလား။

"..အန်းမိန်...အန်းမိန်..."

ခေါ်သံက ပျော့သေးသည်။ ကြည့်ရတာ အစ်ကို၃ ဖြစ်မည်။ ဒါ့ကြောင့် အန်းမိန်တစ်ယောက် ပြန်ထူးဖို့ စိတ်ကူးမရှိ..။

" ချီအန်းမိန်... အိမ်ရှေ့စံခေါ်နေတယ်ဟ.. ချီအန်းမိန် "

မဖြစ်တော့ဘူး.. အိမ်ရှေ့စံက သူ့ကို ခေါ်နေတယ်တဲ့လား..

ကိုယ့်အတွေးနဲ့ကိုယ် အိပ်နေရာမှ မျက်လုံးနှစ်လုံးကို အတင်းပြူးလိုက်ကာ သစ်ပင်ပေါ်က ခုန်ချလိုက်သည်။ မိန်းကလေးဖြစ်ပင်မဲ့လည်း ငယ်ငယ်ထဲက အစ်ကိုတွေကြားမှာ ကြီးပြင်းလာတဲ့ အန်းမိန်ကတော့ ပန်းထိုးရမည့် အလုပ်ထက် သစ်ပင်တက်တာတို့ မြှားပစ်တာတို့ စစ်ဗျူဟာလေ့လာရတာတို့ကို ပိုသဘောကျသည်။

အစ်ကို ၃ ကတော့ ကုန်း၍ သူ့နာမည်ကို အော်နေသည်။ အိမ်ရှေ့စံသည် အေးစက်စက်နိုင်ကာ သူတို့ မောင်နှမ​တွေထဲမှာ ကြောက်ဖို့ အကောင်းဆုံးဖြစ်ပြီး စည်းကမ်းလည်းကြီးသည်မလား။ အခက်မသင့်ရင် သူ့ရဲ့ ကြိမ်ဒဏ်သင့်နိုင်သည်။ ခမည်းတော် ဘုရင်ကိုတောင် မကြောက်တဲ့ အန်းမိန်သည် အိမ်ရှေ့စံဖြစ်သည့် အစ်ကိုအကြီးဆုံးကိုတော့ ဖိန့်ဖိန့်တုန်​အောင် ကြောက်ရပါ၏။

ခမည်းတော်သည် ဘုရင်ဖြစ်သော်လည်း မိန်းမလိုက်စားမှုနည်းပြီး စစ်တိုက်ဖို့သာ စဥ်းစားသည်။ ဒါ့ကြောင့်လည်း 'မင်ချမ်' ဆိုတဲ့ သူတို့ တိုင်းပြည်က အင်အားကြီးသည်။ ခမည်းတော်သည် အခြားတိုင်းပြည်တွေကဆက်သလို့သာ မိန်းမရသည်။ အဲ့ထဲမှာတော့မိဖုရားခေါင်ကြီးဖြစ်တဲ့ အန်းမိန်အမေကတော့ ထူးထူးခြားခြား ခမည်းတော်ရဲ့မျက်စိကျခြင်းကို ခံရသည်။

Love's Hate | 🖋 [Hiatus]Donde viven las historias. Descúbrelo ahora