ရှင်းဟွာ....အထက်တန်းကျောင်း
မနက် အာရုဏ်တက်ချိန် ငါးနာရီခန့်... 2005 ခုနှစ်
"ဘုတ်......"
ကောင်မလေးတစ်ယောက် လေးထပ်ကျောင်းဆောင်ပေါ်ကနေ အရှန်ပြင်းပြင်းနဲ့ပြုတ်ကျပြီး နေရာမှာတင် သေဆုံးသွားခဲ့သည်။
ကျောင်းစောင့်ကြီးလျို တစ်ယောက် စာသင်ခန်းတံခါးတွေကို လိုက်ဖွင့်ပြီး သူ့ရဲ့နားနေဆောင်ပြန်ခိုက် အသံတစ်ခုကြားလိုက်တာကြောင့် သွားကြည့်ရန်အတွက် နောက်ကြောင်းပြန်လှည့်ခဲ့သည်။အသံကြားလိုက်တဲ့နေရာကို ဖြေးဖြေးချင်းချဉ်းကပ်ပြီး ကြည့်လိုက်မိတဲ့အခါတွင် ကျောင်းစောင့်ကြီးလျိုရဲ့ သွေးတွေတောင့်ခဲပြီး ခြေပင်မခိုင်ချင်တော့လောက်အောင် မြင်ကွင်းကဆိုးရွားလွန်းပါသည်။ သူ့နေရာမှာ မိန်းကလေးတစ်ယေါက်သာဆိုလျှင် နေရာမှာတင်သတိလစ်စေနိုင်လောက်သည်အထိ ပြုတ်ကျတဲ့ကောင်မလေးပုံစံက တစ်ကယ်ကိုပုံပျက်ပန်းပျက်။
ဒီကလေးမလေးကို ကျောင်းစောင့်ကြီးကောင်းကောင်းသိပါသည်။ ရင်ဘက်မှာ ရေးထိုးထားတဲ့ ကျောင်းသားနာမည်က သူ့မျက်လုံးသူမယုံကြည်နိုင်လောက်အောင် အကြိမ်ကြိမ်ပွတ်ကြည့်မိသည်အထိ။ တစ်ကျောင်းလုံးရဲ့ ကွင်းလေး... ကျိုးဝေဝေ။
ကျောင်းချိန်ရောက်တော့ ကျောင်းဝန်းလေးထဲမှာ ခါတိုင်းထက်ပင် ဆူညံပွတ်လောရိုက်နေခဲ့သည်။ ရဲများ ရောက်လာပြီး ကျိုးဝေဝေ ကိုစစ်ဆေးကြည့်ရှုနေပေမဲ့ သေချာစေ့စေ့ မကြည့်နိုင်လောက်အောင်ဖြစ်နေခဲ့သည်။ တစ်ကျောင်းလုံးရဲ့ကွင်း စာအရမ်းတော်သောကျောင်းသူချောချောလေးရဲ့ သေဆုံးပုံက အင်မတန်မှ စိတ်မသက်သာစရာကောင်းလှသည်။
ဖြူဖွေးနေသော နဖူးပြေပြေလေးပေါ်မှာ အညိုအမဲများနဲ့ ထင်းနေပြီး နောက်ဆေ့မှ သွေးများက ဒလဟော မြေပြင်ပေါ်မှာအကွက် လိုက်စီးကျနေသည်။မျက်နှာပေါ်အုပ်ကျနေတဲ့ ဆံနွယ်ညိုညိုလေးတွေအောက်က မြင်နေကျ မျက်ဝန်းနက်နက်လေးတွေဟာ ဘာကိုစိတ်မချနိုင်ဖြစ်နေမှန်းမသိ... မှိတ်ကျမသွားပဲ ဝိုင်းစက်နေခဲ့သည်။ အသက်မပါပေမဲ့လို့ ကြည့်မိတဲ့သူအဖို့တော့ ကြက်သီးထသွားလောက်မှာအမှန်ပင်။
YOU ARE READING
Who Are You?...
Fanfictionကဲ... မှုခင်းဆရာဝန်လေး ဒေါက်တာရှောင်းကျန့်နဲ့ စုံထောက်လေးရိပေါ်တို့ကြားက အသဲယားစရာchemistry တွေနဲ့အတူ လူသတ်မှုတွေကို လိုက်ပြီးဖော်ထုတ်လိုက်ကြရအောင်.... ကဲ... မှုခင်းဆရာဝန်လေး ဒေါက်တာရှောင်းကျန့်နဲ့ စုံထောက်လေးရိပေါ်တို့ကြားက အသဲယားစရာchemistry တွေနဲ့အတ...