အပိုင်း 2

849 122 9
                                    

"အကို ဟွိုက်ခမ်း ဒီနေ့ ပေါက်စီလေးကိုသွားကြိုလိုက်ပါ့လား ကျွန်တော် ကျောင်းရှေ့ချပေးခဲ့မယ်လေ အပြန်ဝင်ခေါ်မယ်.."

"ဆေးရုံကို တစ်ယောက်ထဲသွားတာ ဖြစ်ပါ့မလား"

"ဘာလဲ ဟိုဆရာဝန်က ကျွန်တော့ကို ဆေးထိုးသတ်မှာစိုးလို့လား "

"အာ... မဟုတ်ပါဘူး..."

"ရတယ်...ဖြစ်တယ်... "

"တစ်ကယ်ပြောတာလား ကျေးဇူးတင်လိုက်တာ ရိပေါ်ရယ် ငါ့ကိုလေ သားလေးက လာကြိုခိုင်းတာကြာပြီ အဲတာ ငါမအားတာနဲ့"

"ကဲပါဗျာ... စကားများလိုက်တာ.. ကြိုဆိုကြိုလိုက်ပေါ့"

ဟွိုက်ခမ်းခမျာ ရိပေါ်ရဲ့ စိတ်လက်တဆစ်အကြောင်းကိုသိတာကြောင့် ပါးစပ်အမြန်ပိတ်လိုက်ရသည်။ တော်ကြာ အပိုတွေသိပ်ပြောတာပဲဆိုပြီး ကားရပ်မပေးတော့ပဲနေရင် ဒုက္ခရယ်။စခန်းက ထွက်လာကတည်းက ပြောဖို့စိတ်ကူးထားပေမဲ့ ရိပေါ်က သူ့ထက်ရာထူးကြီးတာကြောင့် ပြောမထွက်ရဲခဲ့။ အကယ်၍ပြောခဲ့ရင်တောင် ငြင်းမှာမဟုတ်မှန်း နားလည်ပါသော်လည်း ရိပေါ်ကို သူကြောက်ပါသည်။ မထင်ရင်မထင်သလိုလုပ်တတ်ပြီး လူကိုအော်တတ်တာကြောင့်။ ဒါပေမဲ့ ရိပေါ်လေး စိတ်ရင်းကောင်းတာတော့ ဟွိုက်ခမ်း အပြင် စခန်းတစ်ခုလုံးက လက်ခံထားသောအမှန်တရားတစ်ခုပင်။

ရိပေါ် ဟွိုက်ခမ်းကို ကျောင်းရှေ့ချပေးပြီးတာနဲ့ ဆေးရုံကိုအပြေးမောင်းခဲ့ရသည်။ ဆေးရုံရှေ့မှာပင် ကားရပ်ရင်း ဒေါက်တာရှောင်းကျန့်ရဲ့ လက်ထောက် ကျန်းချန်ဆိုတဲ့ဆရာဝန်ပေါက်စကို တွေ့ပြီး သူ ဦးဆောင်ခေါ်ရာသို့လိုက်သွားခဲ့သည်။

အလောင်းခွဲစိတ်တဲ့ အခန်းထဲဝင်ဝင်ခြင်း ရလိုက်တဲ့ပိုးသတ်ဆေးနံ့က ရိပေါ်နှာခေါင်းထဲအတင်းတိုးဝင်လာသည်။ ပိုးသတ်ဆေးနံ့တင်မဟုတ်... တခြားရောနှောနေသောအနံ့တစ်ခု...

ရိပေါ် နှာခေါင်းကိုလက်နဲ့အုပ်ပြီး စိတ်ကိုတင်းထားကာ အသက်ရှုခဏအောင့်ထားလျှက် လူသေလောင်းနားထိုင်နေတဲ့ ဆရာဝန်နားကို မနည်းရောက်အောင်သွားလိုက်သည်။ သို့သော်အနားရောက်လေလေ အနံ့ကပြင်းလေလေဖြစ်တာကြောင့် ပျို့တက်ချင်စိတ်ကိုသည်းမခံနိုင်တော့ပေ။ မနေနိုင်တဲ့အဆုံး လေ တစ်ချက်အန်ထုတ်လိုက်တော့ကျန်းချန်က ကျောကိုအသာပုတ်ပေးပြီး သက်သာလားမေးပါသည်။

Who Are You?...Where stories live. Discover now