အပိုင်း 6

1.1K 125 30
                                    

ဒီနေ့ ရှောင်းကျန့် ဆေးရုံကနေစောစောပြန်မယ့်နေ့။ အကြောင်းရင်းကား ရိပေါ်တစ်ယောက် သူ့ကို အမှုကိစ္စနဲ့ပတ်သက်ပြီး ပြောစရာရှိသည်ဟု ချိန်းထားတာကြောင့်ဖြစ်သည်။ နောက်ပြီး မနေ့က ဟိုကလေးမလေးအိမ်ကအပြန် ဈေးထဲကဝင်ဝယ်လာသော ငါးပုပ် အစွမ်းလည်းပြချင်သည်ဟုဆိုသည်။ ရှောင်းကျန့် တစ်ကယ်ပင်မတွေးတတ်တော့ ။အဲ့နေ့က တစ်လမ်းလုံး ကားပေါ်မှာ ငါးပုပ်နံ့တွေလှိုင်နေသလို ယူရာရဲ့ အဆဲသံလေးလည်းဆူညံလို့ ။ ​တော်တန်ရုံအနံ့တွေကို ခံနိုင်ရည် ရှိ​နေတဲ့  ရှောင်းကျန့်ပင်  ခေါင်းတော်တော်ကိုက်သွားသည်။

ရိပေါ်နဲ့ ​ရှောင်းကျန့် ခါတိုင်းမျက်မှန်းတန်းမိရုံလောက်သာဆုံပေမဲ့ ဒီအမှုကို ရိပေါ်ကိုင်လိုက်တဲ့အချိန်ကစပြီး ရှောင်းကျန့်နဲ့အမြဲလိုလိုတွေ့ဖြစ်နေတော့သည်။ တွေ့ပါမြင်ပါများလာမှ ရိပေါ်ရဲ့ ကလေးဆန်ဆန်ချစ်စရာကောင်းတဲ့ပုံကို  ရှောင်းကျန့်သတိထားမိလာသည်။ အလုပ်ကိစ္စနဲ့ပတိသက်ရင်တော့ လူကြီးဆန်ဆန်နဲ့ကြည့်ကောင်းနေသေးသည်။ စိတ်အလိုမကျရင်လည်း မျက်မှောင်လေးကျုံ့တတ်တယ်။ အလောင်းတွေကိုရွံတတ် ကြောက်တတ်ပြီး ခွဲစိတ်နေတာကို မြင်ပါကလည်း မေ့လဲတတ်သေးတယ်။

ရှောင်းကျန့်တစ်ယောက် ရိပေါ်မေ့လဲသွားတဲ့နေ့က အကြောင်းပြန်တွေးရင်း စိတ်လွတ်လက်လွတ်ရယ်လိုက်မိသည်။ ကားမောင်းနေတဲ့ကျန်းချန်လည်း ရှောင်းကျန့်ထရယ်တာ ရုတ်တရက်မို့ ကြောင်အအဖြစ်သွားခဲ့ကာ သူ့ဆရာသမားကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ.."

"အော်...မဟုတ်ပါဘူး..မဟုတ်ပါဘူး... ဒီတိုင်း... ကလေးတစ်ယောက်အကြာင်းတွေးမိသွားလို့ပါ..."

ကျန်းချန် ဆက်မမေးဖြစ်တော့ပါ။သူသိချင်သည့်အဖြေကိုလည်း ရမည်မဟုတ်မှန်းသိလိုက်တာကြောင့်။ ကလေးအကြောင်းတွေးရအောင် ရှောင်းကျန့်မှာကလေးလည်းမရှိသလို မိဘမဲ့ဂေဟာကိုတောင် အလှူငွေတွေလှူ ပေးနေပေမဲ့ လူကိုယ်တိုင် တခါမှ မသွားဖူးဘူးလေ။ ကျန်းချန်သည်လည်း ရှောင်းကျန့်နဲ့နေပါများပြီး အရင်းအဖျားမပြည့်စုံတဲ့စကားစုတွေကိုနားမလည်တဲ့  အချဉ်မဟုတ်ပေမဲ့ ဒီတစ်ခါတော့ ရှောင်းကျန့်ဆိုလိုရင်းကိုတစ်ကယ်မသိတာပါ။

You've reached the end of published parts.

⏰ Last updated: Jun 06, 2020 ⏰

Add this story to your Library to get notified about new parts!

Who Are You?...Where stories live. Discover now