ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး
Part 7 (Unicode)
ဒီနေ့ ပေါ်ပေါ်လေးဘွဲ့ယူတဲ့နေ့ဖြစ်သည် ပေါ်ပေါ်လေး ခန်းမထဲမဝင်နိုင်သေးပဲ လည်ပင်းတရှည်ရည်ဖြစ်နေသည် အဘယ့်ကြောင့်ဆိုသော် ကိုကို ရှောင်းကျန့်မလာသေးလို့ပဲဖြစ်သည် ဘေးနားမှာ နှစ်ဖက်မိဘ သူငယ်ချင်း အကုန်စုံအောင်ရောက်နေသော်လည်း သူ့အတွက်ပြည့်စုံပြီဟုမထင် သူ့အတွက် မိဘ ပြီးရင် ကိုကို သာ အရေးကြီးဆုံးနဲ့ အရေးပါဆုံး လူသားဖြစ်သည်
''ကိုကို ကလဲ ကြာလိုက်တာ ´´
''သားရယ် လာမှာပေါ့ သားကိုကိုမမေ့ပါဘူး´´
''ဟုတ် ရှောင်မား´´
''ပွဲပြီးမှ လာရင်တော့တွေ့မယ် ဟွန့်´´
''မင်းကလဲကွာ ရောက်မှာပါကွ အချိန်မှီ မင်းကိုကိုလား မင်းကို ကောက်အောင်လုပ်မှာ´´
''အင်းဟုတ်တော့ ဟုတ်တယ် ဝမ်နင်ရ ဟီး´´
''ရိပေါ်ရေ ခန်းမထဲနေရာ ယူတော့တဲ့ လာတော့´´
''အေးအေး လာပြီစစ်ကျွေး´´
''ကဲပါ လာပါသားရယ် မားတို့ သားကိုကို့ကို ထပ်ဖုန်းဆက်ကြည့်ပေးမယ်´´
''ဟုတ်တယ် သား နေရာ သွားယူထားတော့´´
''ဟုတ်ကဲ့ မား´´
''ဟုတ် ရှောင်မား´´
ပေါ်ပေါ်လေးခန်းမထဲသို့ လေးပင်သော ခြေလှမ်းများဖြင့်လှမ်းခဲ့သည် ဘွဲ့ယူခါနီး အချိန်နီးလာလေ ပေါ်လေးမျက်နှာ ပျက်လာလေ ဖြစ်သည် ပေါ်လေးမျက်နှာသည် ဟန်မဆောင်နိုင်လောက်ပင် ပျက်နေပြီဖြစ်သည် အချိန်တွေကုန် လာတာနှင့်အမျှ ပေါ်ပေါ်လေးမျက်နှာမှာ နှုတ်ခမ်းစူတာထက် ပိုတည်လာပြီး ရင်ထဲစိုးရိမ်စိတ်များဝင်လေသည် ကိုကို များတစ်ခုခုဖြစ်နေလား စိုးရိမ်းစိတ်က အလုံးကြီးဝင်လာသည် စင်အောက်မှာထိုင်နေသည် မားမားတို့အား မျက်လုံးချင်းမေးနေသော်လည်း မားတို့က ခေါင်းပဲရမ်းပြသည် ပေါ်ပေါ်လေး တဖြည်းဖြည်းစိုးရိမ်စိတ်က ပိုမိုကြီးထွားလာသည် သူသွားရှာရန် ဆုံးဖြတ်လိုက်ချိန်တွင် သူ့ နာမ်မည်အားခေါ်၍ရှေ့ထွက်ခဲ့ဖို့ပြောသဖြင့် သူ့မှာ တွန့်ဆုတ် တွန့်ဆုတ် ဖြင့် သွားလေသည် သူစကားပြောဖို့ မိုက်နားကပ်ပေမယ့် စကားသံထွက်မလာပဲ ရင်ထဲဆို့ကြပ်နေသည် ထိုစဥ်