ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး ( Part 12)

1.6K 54 11
                                    

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး   12  (Unicode)

''ပါးပါး ဂွတ်နိုက်နော် အာဘွား မွမွ´´

ဆိုပြီးပေါ်လေးရဲ့မျက်နှာအနံ့ အနမ်းတွေတစ်သီကြီးပေးနေတဲ့ သားတော်မောင်ကို ရှောင်းကျန့်ကြည့်မရချင်တော့ဘူး။မသိရင် ခရီးအဝေးသွားရမယ်ပုံစံ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးပဲ ခွဲရတော့ အချိူးမျိုးနဲ့ ပေါ်လေးကို ကပ်ပြီး ဒရမ်မာတွေခင်းပြနေတာ မျက်စိထဲထော်လော်ကနလန့်ဖြစ်နေပြီ။

''အပိုတွေ မလုပ်နဲ့ ရှောင်းဝမ်ရိကျန့်´´

''မျက်နှာချင်းဆိုင်က အခန်းလေးခွဲအိပ်ခိုင်းတာကို အိုဗာတွေအရမ်းလုပ်မနေနဲ့ မျက်စိနောက်လာပြီ´´

''ဒယ်ဒီနော် အဲ့ဒါလဲ ခွဲနေရတာပဲလေ´´

''တစ်အိမ်ထဲဆိုပေမယ့် အခန်းမတူဘူးလေ ၈ နာရီကြီးတောင် ခွဲရမှာကို လွမ်းနေရမှာလေ´´

''ဒယ်ဒီ အဲ့ခံစားချက်သိချင်ရင် အခန်းခွဲအိပ်ကြည့်ပါ့လား ဟွန့်´´

''ဘာ ဘာာ ရှောင်းဝမ်ရိကျန့်´´

''ကဲကဲ တော်ပြီ ကိုကိုနဲ့သားသား စကားများမနေနဲ့တော့´´

''သားလေးကလဲ ပါးပါးနဲ့ခွဲမအိပ်ချင်ဘူးဆိုရင် အခန်းပြောင်းမနေနဲ့လေ ဒီမှာပဲ ပါးပါးတို့နဲ့အရင်လိုအိပ်ပေါ့´´

''မဖြစ်ဘူးပေါ်လေး´´

''ရတယ် ပါးပါး´´

''ဟင်!!´´

တစ်ပြိုင်နက်ထဲပြိုင်တူထွက်လာတဲ့ ကိုကိုတို့သားအဖငြင်းသံကြောင့် ပေါ်လေး လန့်သွားတယ်။

''ဘာဖြစ်တာလဲ သားအဖနှစ်ယောက်က´´

''ဘာမှမဖြစ်ပါဘူး ပေါ်လေး´´

''ဟုတ်တယ် ဘာမှမဖြစ်ဘူး ပါးပါး သားအရမ်းအိပ်ချင်နေပြီ သွားအိပ်တော့မယ်နော်´´

''Good night Daddy & Pa Pa ´´

''အင်း သားသား ဂွတ်နိုက် လှပသောအိမ်မက္​ေလးမက္ပါစေ´´

ဆိုပြီး ရှောင်းကျန့်နဲ့ပေါ်လေးလဲ သားသားရဲ့ ပါးတစ်ဖက်ဆီကို ညအိပ်ရာဝင်အနမ်းလေးတစ်ချက်ဆီပေးလိုက်တယ်။

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးحيث تعيش القصص. اكتشف الآن