[Zhu Yi Long]
[Bai Yu]
[ Unicode Version]
[You can find Zawgyi Version below]Bai Yu's point of view :
အချိန်တွေက အကုန်သိပ်မြန်ပါတယ်။ အခုဆိုရင် 2020 တောင်ရောက်ပြီပေါ့။ အလုပ်တွေကြား ပျော်မွေ့ပြီး အသက်ရှင်နေရင်းက ကျွန်တော် သိပ်ပျော်ခဲ့ရတဲ့ နှစ်တွေဟာလည်း ဟိုးအဝေးမှာ ပုံရိပ်ယောင်တွေအဖြစ်နဲ့ ကျန်နေခဲ့ပါပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပေါ့လေ..။
စောင့်ရှောက်သူနတ်သမီးလေးတွေ .. သူတို့လေးတွေကတော့ သိပ်ပြီးထူးခြားကြတယ်။ Time Loop တစ်ခုထဲရောက်နေသလိုမျိုး .. ဒီအကြောင်းအရာကို ထပ်တလဲလဲ ကြုံတွေ့နေရတာ ၊ ဆွေးနွေးနေရတာကို သူတို့သိပ်ပျော်ကြတယ်။ သူတို့မသိပေမယ့် ကျွန်တော်က အမြဲစောင့်ကြည့်နေပါတယ်။ Weibo သုံးနေတယ်ဆိုတာ Fan တွေနဲ့ အပြန်အလှန်အဆက်အသွယ်ရှိဖို့ အဓိကပဲမဟုတ်လား။
ကျွန်တော် အပြည့်အဝနားမလည်နိုင်ပေမယ့် ကျွန်တော့်ဖုန်းလေးထဲက ဓာတ်ပုံလေးတစ်ချို့ကို ပြန်ကြည့်မိတိုင်း သူတို့နဲ့ ကျွန်တော်က နှလုံးသားချင်းနီးတယ်လို့ ခံစားမိနေတုန်းပါပဲ။ တစ်ချိန်တုန်းက ကျွန်တော်လည်း သူသိပ်ချစ်ရတဲ့ လူတစ်ယောက်အနေနဲ့ အသက်ရှူခွင့်ရခဲ့ဖူးပါတယ်။ သုံးလဆိုတဲ့ အတိုင်းအတာလေးအတွင်းမှာပေါ့။
YOU ARE READING
ZhuBai Short Stories
Fanfiction[Written in both Unicode and Zawgyi font versions] ZhuBai - One Shot Collection - [2020.07.01] Story between You and Me [2020.12.24] Falling in Love with my ROOMMATE! [2020.12.30] in Love with my Ex's Ex-boyfriend [2021.01.14] A Never-Ending Love St...