Part - 1
Zawgyi_Ver'ဝမ်..ဝမ်ရိပေါ်...မင်း..မင်း´
ဝမ်ရိပေါ်ကိုမြင်လိုက်သည်နှင့်လန့်ထိတ်စွာပြောလိုက်မိသည်။သည်ကောင်လေးအရင်ထက်တောင်ချောလာတာပါလား..မတွေ့ရတဲ့နှစ်တွေအတွင်းအရပ်တွေလဲရှည်ထွက်လာတာ ကိုယ့်လောက်နီးနီးပင်...အသားလေးတွေကလည်းဖွေးဥလို့...tracer
တယောက်ဆိုတာ ယုံနိုင်ဖွယ်ပင်မရှိ...ကျွန်တော်ကိုစိုက်ကြည့်နေသည့်သူ့မျက်ဝန်းထဲတွင် လွမ်းစွတ်နာကြည်းရိပ်များကို တရိပ်ရိပ်မြင်နေတာရသည်..'ကျွန်တော်ဘာဖြစ်လို့လဲ ကျန့်ကော´
ကျွန်တော့်ကို လန့်ထိတ်သည့်မျက်ဝန်းများဖြင့်ကြည့်နေသော ကော ကို မျက်ရည်များမကြအောင်အံကြိတ်ရင်းပြောလိုက်မိ
သည်..သူတော့မသိပေမယ့် ကိုယ်ကတော့သူကိုမြင်လိုက်သည်
နှင့်နှလုံးသားတနေရာမှ စူးအောင့်ကာမျက်ရည်များဝဲတက်လာ
သည်....လွမ်းလိုက်တာကောရယ်..မတွေ့ရတာလေးနှစ်တောင်ရှိနေပြီလေ..ကောကအခုထိနုဖတ်နေတာဘဲ....ဒီကြားထဲကျွန်တော်
အရပ်ထွက်လာပေမယ့်ကောကိုတော့မမှီသေး.. suit အပြည့်ဝတ်ထားသည့်ကောက ယခင်ကထက်ပင်ချောမောနေပါသေးသည်..လေထဲတွင်တလှပ်လှပ်ဖြစ်နေသာ အနက်ရောင်ဆံနွယ်လေးများ
သည်ကောနှင့်သိပ်ကိုလိုက်ဖက်လှသည်....
ထိုအခိုက်ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍အကိုဟိုင်ခွမ်းကမေးလိုက်သည်..'ရိပေါ် ..မင်းနဲ့ရှေင်ကျန့်ကအစထဲကသိကြတာလား´
'ဟို..ဟို ....´
အကိုဟိုင်ခွမ်းစကားကြောင့်ရှောင်ကျန့် ဘယ်လိုဖြေရမလဲမသိစိတ်လှုပ်ရှားကာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေမိသည်..
'အင်း..မိတ်ဆွေဟောင်းတွေပါ..´
အကိုဟိုင်ခွမ်းအမေးကိုကောကဖြေရခက်နေသည့်ပုံစံဖြစ်နေသောကြောင့် ရိပေါ်ဝင်ဖြေပေးလိုက်သည်..ကောကတော့မြေကြီးထဲပစ်ဝင်မတတ်ခေါင်းကိုငုံ့ထားသည်..ကျွန်တော့်ကိုမမြင်ချင်လောက်
အောင်မုန်းနေတာလားကောရယ်...
YOU ARE READING
Falling in Love with my Ex ||Complete||
Romance'လမ်းခွဲရအောင် ငါမင်းနဲ့မတွဲချင်တော့ဘူး' *မင်းကောင်းဖို့အတွက်ပါ ငါ့ကိုနားလည်ပေးပါ* Xiao Zhan 'ကောင်းပြီလေ ကျန့်ကောဘက်က သေချာနေတော့လဲ လမ်းခွဲပေးရမှာပေါ့' *ချစ်နေသေးရင်တောင်မှပေါ...