Part-5♡ (continue chap)

1.8K 121 2
                                    

Part-5(continue chap)

Zawgyi

ရှောင်​ကျန့်​​ရေးချိုးခန်းထဲကထွက်​လာ​တော့ ကျိယန်​က မနက်​စာအသင့်​လုပ်​​ပေးထားသည်​။

ဒါ​ရှောင်​ကျန့်​စိတ်​​ကောက်​​နေလို့​ချော့​နေမှန်းသိသာလှသည်​။

ကျိယန်​ကစကားစ​ပြောလာသည်​။

'ကျန့်​ကျန့်​ မင်းရိ​ပေါ်နဲ့တွဲလုပ်​ရတာအဆင်​​ပြေလား..´

ရှောင်​ကျန့်​ ကျိယန်​ကိုတချက်​ဘုကြည့်​ကြည့်​​ပြီးမှ

'အင်းအဆင်​​ပြေပါတယ်​.သူကအရင်​ကလိုမ​ဆိုး​တော့ပါဘုး´

ရှောင်​ကျန့်​စကား​ကြား​တော့ကျိယန်​ရဲ့နှုတ်​ခမ်းစွန်း​တွေက​ကော့တက်​သွားပြီး အလှပဆုံးပြုံး​တော့သည်​။

စား​သောက်​ပြီးချိန်​တွင်​ ကျိယန်​က ​ဟောက်​ရွှမ်း​ရောက်​​တော့မယ့်​အပြင်​ ရိ​ပေါ်ပါပါလာ​ကြောင်း​ပြော​လေသည်​။

'ကျန့်​ကျန့်​ ​ဟောက်​ရွှမ်းတို့​ရောက်​​တော့မယ်​တဲ့..´

'​ဟောက်​ရွှမ်းတို့?´ ကျိယန်​စကား​ကြောင့်​ ​ရှောင်​ကျန့်​အလိုမကျစွာ​မေးလိုက်​သည်​။

'ဟီး..ရိ​ပေါ်နဲ့ကျိုးချန်​ပါပါမယ်​တဲ့..ကျိုးချန်​က​တော့မင်းပြန်​​ရောက်​ထဲက​မ​တွေ့ရ​သေးလို့တဲ့ ၊ရိ​ပေါ်က​တော့ အလုပ်​အား​နေလို့တဲ့´ကျိယန်​ကသွားအဖြီးသားဖြင့်​​ပြောလာ​လေသည်​။

'ကျိုးချန်​က​တော့ထားပါ​တော့ ဟို​ကောင်​ကဘာလို့လိုက်​လာတာလဲ...ကုမ္ပဏီကသူပင်​ပန်း​နေလို့တရက်​အနား​ပေးတာကို´​ရှောင်​ကျန့်​က စူပုတ်​စွာ​ပြောလိုက်​၏။

Knock..knock

ရှောင်​ကျန့်​စကားအဆုံး တံခါး​ခေါက်​သံထွက်​​ပေါ်လာသည်​။

ကျိယန်​က​တော့ ​အသံကြားသည်​နှင့်​ခုန်​​ပေါက်​ကာသွား​လေ၏။

ကျိယန်​တံခါးဖွင့်​လိုက်​​တော့​ပေါ်ထွက်​လာသည်​ကဝမ်​ညီအကိုသုံး​ယောက်​...။

ဟောက်​ရွှမ်းလက်​ထဲမှာဘီယာကဒ်​ကြီးသယ်​ထားပြီး ကျိုးချန်​လက်​ထဲမှာ​တော့ အသားကင်​ထုတ်​ကိုကိုင်​ထားသည်​။ ဝမ်​ရိ​ပေါ်လက်​ထဲသို့အကြည့်​အ​​ရောက်​ ကျိယန်​၏မျက်​ဝန်းအစုံ​တို့သည်​ ပြူးကျယ်​သွား​လေသည်​။

Falling in Love with my Ex ||Complete||Where stories live. Discover now