♦Oxygen♦
Part-1
"လူတိုင်းလူတိုင်း နေ့စဉ် oxygen ရှိမှ အသက်ရှင်နေနိုင်သလို အချစ်ဆိုတဲ့အရာရှိမှလည်း အသက်ရှင်ရတဲ့ဘဝက အဓိပ္ပာယ်ရှိမှာလေ။ဒါကြောင့် kris ဆိုတဲ့ ငါ့ဘဝထဲမှာ luhan ဆိုတဲ့ oxygen ရှိမှ အသက်ရှင်နိုင်မှာလေ"
ထိုစာကြောင်းဆုံးသွားတာနဲ့ တစ်ပြိုင်နက် ဘယ်အချိန်ထဲက ကျနေမှန်းမသိတဲ့မျက်ရည်တွေ ဒိုင်ယာရီစာအုပ်လေးရဲ့အဖုံးပေါ်သို့ တစ်တောက်တောက် ကျဆင်းနေသည်။
မင်းဘာကြောင့် ငါ့ကိုမမုန်းရတာလဲ kris!!!ငါ့လို လူတစ်ယောက်အတွက်နဲ့များ~~~ ငါကမင်းအပေါ် ဘာကောင်းခဲ့ဖူးလဲ မင်းအပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့တာလေ
ဟုတ်ပါတယ် kris ဆိုတာကလေ ကျွန်တော်ရဲ့အရုပ်လေ ကျွန်တော် သွားဆိုသွား လာဆိုလာ စားဆိုမှစားတဲ့ အရုပ်လို လူလေ။ကျွန်တော် သိတတ်စအရွယ် ငါးနှစ်ကစပြီး အဘွားနဲ့ဖေဖေက ကျွန်တော်နဲ့ဆော့ဖို့ ကျွန်တော်အဖော်ရအောင်ဆိုပြီး kris ကိုအိမ်ကိုခေါ်လာခဲ့တာ ငယ်ငယ်တုန်းကတော့ ဘာကြောင့် ဘာအတွက် kris ရောက်လာမှန်းမသိခဲ့ပါဘူး ကျွန်တော်နဲ့ဆော့ဖို့ ကျွန်တော့်အစေခံတစ်ယောက်လိုပဲ သတ်မှတ်ထားခဲ့တာ။နောက်ပိုင်းမှသိရတာက ဖေဖေတပည့်ရဲ့သား ဖေဖေတို့အလုပ်သမားတစ်ယောက် ပေါ့ဆမှုကြောင့် kris က မိဘမဲ့ဘဝကို ရောက်ခဲ့ရတာ။ဒါကြောင့် ဖေဖေကသူ့ကို အိမ်မှာ ခေါ်ထားခဲ့တာပေါ့။ဖေဖေရော ဘွားဘွားရောက စိတ်ထားကောင်းကြပါတယ် အိမ်မှာဆို မေမေရယ် ကျွန်တော်ရယ်က သူ့ဆို
ဘယ်တော့မှ မျက်နှာသာမပေးတတ်ပါဘူး။ဘာလို့လဲဆိုတော့ ဘွားဘွားရဲ့အချစ်တွေရသွားမှာစိုးလို့ပါ။
Xo~Xo~ Xo~Xo~~~
Lu-Hello!ဘာ!အခုသတိရလာပြီလား?ငါအခုချက်ချင်း ဆေးရုံကိုလာခဲ့မယ်။
ဟူးးးးးးးးတော်ပါသေးရဲ့ မင်းဘာမှမဖြစ်လို့ မင်းသာတစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုယ်ငါ ခွင့်လွှတ်လို့ရမယ်မထင်ဘူး။
~~~~~~~~~~~~~~~~~~~~~~~
Lu-kris!kris! သက်သာရဲ့လား။နေလို့ရောကောင်းရဲ့လား?
Kris-ငါအဆင်ပြေပါတယ် မင်းရော နေကောင်းရဲ့လား။
Lu-ဘာ မင်းရူးနေလား မင်းမေ့နေတာသုံးပတ်ရှိသွားပြီ ငါဘယ်လောက်စိတ်ပူရလဲ မင်းသိလား?မင်းဘာလို့ မဆင်မခြင် လုပ်ရတာလဲ ငါ့အသက်ကို မင်းအသက်နဲ့ရင်းစရာလိုလို့လား Kris!
Kris-ငါ~တောင်းပန်ပါတယ်
Lu-တော် မင်းမှာပြောစရာဒါပဲရှိလား။Doctor သူ့အခြေအနေဘယ်လိုလဲဟင်။
Doctor-အားလုံးကောင်းပါတယ်။ဒါပေမယ့် သူ့ရဲ့အမြင်အာရုံတွေကတော့…စိတ်မကောင်းစရာပါပဲ။
Lu-ဗျာ!!!!!မျက်စိ ကွယ်သွားတာလားdoctor.
Kris-ငါ မင်းကို နည်းနည်းမြင်ရပါသေးတယ်ကွာ။
Doctor-အဲ့လိုလည်း မဟုတ်ပါဘူး ကွယ်သွားတာ မဟုတ်ပါဘူး အမြင်ကြည်လင်ပြတ်သားမှုမရှိတော့တာပါ အရိပ်ပုံစံမြင်ရပြီး ကြည်လင်ပြတ်သားမှုမရှိတော့တာပါ.
Lu-ပြန်မကောင်းနိုင်တော့ဘူးလား Doctor!
Doctor-အစားထိုးပြန်ကုသရင်တော့ ပြန်မြင်နိုင်မှာပါ။doctor ကိုသွားခွင့်ပြုပါဦး။
Lu-ဟုတ်ကဲ့ Doctor!ပြီးမှ doctor ဆီ ကျွန်တော် လာခဲ့ပါဦးမယ်။
ဘာ မင်း အဆင်ပြေတာလဲ ဒါလား အဆင်ပြေတာ မင်းမျက်စိတွေ အမြင်ဝေဝါးသွားတာ အဆင်ပြေတာလား။
Kris-ငါ~ငါ တောင်းပန်ပါတယ်။
Lu-တော်တော့ အဲ့စကားကို ကြားနေရတာ တော်တော်ရိုးလာပြီ အနှစ်နှစ်ဆယ်လုံးလုံး နားထောင်ခဲ့ပြီးပြီ ဒီနေ့ကစပြီး မင်းအဲ့စကားထပ်ပြောကြည့် ငါမင်းကို အရှင်မထားဘူး။
Kris-အေးပါကွာ။နောက်မပြောတော့ပါဘူး။
Lu-မင်း ကအရူးလား?
Kris-မဟုတ်ပါဘူး။
Lu-ဒါဆိုဘာလို့ ငါ့ကိုကယ်ခဲ့တာလဲ။မင်းတစ်ခုခုဖြစ်ပြီး မင်းသေသွားရင် ဘယ်လိုလုပ်မလဲ။
Kris-ငါ ငါ မင်းကိုမထိခိုက်စေချင်ဘူး။ငါ~ငါ~~
Lu-တော်ပြီ ထားလိုက်တော့ ငါ doctor နောက်လိုက်သွားလိုက်ဦးမယ်။မင်းလည်း ပြန်အနားယူလိုက်ဦး။
Kris-အင်းး။
ကျွန်တော်ပျော်ပါတယ် အရမ်းပဲ ကျွန်တော့်ရဲ့သမင်လေး ဘာမှမဖြစ်လို့လေ ကျွန်တော့် မျက်စိတွေကန်းသွားခဲ့ရင်တောင် ကျေနပ်တယ် သူ ကျွန်တော့်အတွက် စိတ်ပူပေးခဲ့တဲ့ စိတ်ကလေးနဲ့တင် အရမ်းနွေးထွေးလွန်းတယ်။ကျွန်တော်က သူဘယ်နေရာ ထားထား အသားကျပြီးသားလူပါ ကျွန်တော်က သူ့အတွက် အရုပ်တစ်ရုပ်ဖြစ်နေခဲ့ပြီးတော့ ကျွန်တော့်အတွက်တော့သူက မရှိမဖြစ် Oxygen ဗူးလေးပေါ့။
#To_Be_Continue!
တိုသွားရင်လည်း Miyanae!
မှား tag မိရင်လည်း Miyanae!
tag ဖို့ကျန်ခဲ့ရင်လည်း Miyanae!
ပထမဆုံး yaoi စရေးတာမို့လို့ အမှားပါသွားခဲ့ရင်လည်း Jinja Miyanae!အားပေးကြပါနော် pleasezz