Final Part

1.9K 163 2
                                    

♦Oxygen♦

Part-3(Final)

Kris-ငါ အောက်ဆင်းပြီး အိပ်လိုက်မယ်လေ မင်း ကုတင်ပေါ်မှာ ကျယ်ကျယ်ဝန်းဝန်း အိပ်ပေါ့။

Lu-ဘာ!ငါက အကြီးကိုအောက်မှာထားပြီး အိပ်ရမှာလားကွ မင်းငါ့ကို ငရဲပေးနေတာလား။

Kris-မဟုတ်ပါဘူး မင်းက နှစ်ယောက်တွဲမအိပ်တတ်တာ ငါသိတယ်လေ မင်းအဆင်မပြေမှာစိုးလို့…

Lu-တော်တော့ ဘာမှမပြောနဲ့ ဘာမှလည်း အတွန့်တက်ဖို့ မကြိုးစားနဲ့တော့ မင်း အပေါ်မှာအိပ် ငါအောက်မှာအိပ်မယ်။

Kris-lu……

Lu-မင်းဆက်ပြောနေရင် အခန်းထဲကနေ ကန်ချလိုက်မယ်နော်။

Kris-ဟားးးးးး အေးပါကွာ ကြောက်ပါတယ် မင်းသဘောပါပဲ။တစ်ခုတော့ ထပ်ပြောချင်တယ် မင်းကမွေ့ယာပေါ်မှာ မအိပ်ပဲနဲ့အိပ်မပျော်တတ်ဘူးလေ အဲ့ဒါကြောင့် အတူတူအိပ်လို့မရဘူးလား။

Lu-မင်းက ငါနဲ့အိပ်ရဲလို့လား?ငါက အအိပ်ကြမ်းတယ်နော် တော်ကြာ မင်းပဲ ကုတင်ပေါ်ကပြုတ်ကျနေလိမ့်မယ်။

Kris-ရပါတယ်ကွာ။မင်းတောင် ငါနဲ့အတူတူအိပ်တာပဲ ကျေးဇူးတင်နေပါပြီ။

Lu-မလိုပါဘူး။မင်း ဟိုဘက်ခြမ်းအိပ် ငါဒီဘက်ခြမ်း အိပ်မယ်။အလယ်မှာ ငါမင်းကို ကန်မိမှာစိုးလို့ ဖက်လုံး ချထားလိုက်မယ်။

Kris-ရပါတယ် မင်းသဘောပါ။

~~~~~~~~~~~~~~~~~~~~~~~

At Morning,

luhan မျက်လုံးနှစ်လုံးစဖွင့်လိုက်တော့ သူရောက်နေတာက ရင်ဘတ်တစ်စုံနားမှာ "အမ် ဘယ်သူလဲ ဘာလို့ငါက ရင်ခွင်ထဲ ရောက်နေရတာလဲ?အပေါ်ကို တဖြည်းဖြည်းမော့ကြည့်လိုက်တော့မှပဲ သိပြီ kris!!!!!!! လို့အော်ပြီးတာနဲ့ တပြိုင်နက် သူ့ကို အတင်းတွန်းထုတ်လိုက်မိသည်။

ဒုန်း!!!!!!!!!

Kris-အားးးးး သေပါပြီကွာ Lu ဘာဖြစ်တာလဲ ငါ့ကိုဘာလို့ ကုတင်ပေါ်က တွန်းချရတာလဲ။

Lu-မင်း…မင်း ဘာလို့ ငါ့ကိုဖက်ထားတာလဲ မင်း…မင်း ညက ဖက်လုံးကို ဖယ်ပစ်လိုက်တာလား။

OxygenWhere stories live. Discover now