မနက်ဝေလီဝေလင်း...ကျောင်းသွား
ဖို့အတွက်ထရအုံးမယ် ဒါဟာ
ကျွန်တော့လို တက္ကသိုလ် ကျောင်းသား
အတွက်တော့ အထူးအဆန်းမဟုတ်တော့
ပါဘူး ဒါပေမယ့်ဗျာ တကယ်ကို
မနက်အစောကြီးထဖို့ကို တကယ်ပျင်းတာပါတီတီ...တီတီ alarm
ဝေး ပျင်းရိစွာနဲ့ပဲ alarm ကို ပိတ်ပြီး
ထလာခဲ့တယ်
"ဝါးးးးး''
ဝေး တစ်ယောက် အကြောကိုဆန့်
ခေါင်းကို ကုတ်ရင်း မျက်နှာသစ်ဖို့
ရေချိုးခန်းကို ထွက်လာရပါတော့တယ်ဒေါက် ဒေါက် ဒုန်းဒုန်း
"ဟာ ငါလခွီး.. မနက်စောစောကို
ဘယ်သူက အဲ့လောက်ထုနေတာလဲ
တံခါးကို '' ဝေး ပြောရင်းနဲ့ပဲ တံခါးကို
ဆွဲဖွင့်လိုက်သည်တံခါးဖွင့်ချင်း မြင်လိုက်ရတာက
မော်ကွန်းဆိုတဲ့ ငနာကောင်
ကျွန်တော်နဲ့သူနဲ့က ငယ်ငယ်ထဲကခင်လာ
တာလေ အဲ့ကောင်က စကားပြောဆို
သာမတက်တာ အရေးကြုံလာရင်
တော့ ရှေ့ဆုံးဿူညီပေးတဲ့သူ"မော်ကွန်း ခွေးသားရယ် မနက်ကြီးကို
ငီးမို့ ဝုန်းဒိုင်းကြဲပြီး တံခါးကိုခေါက်ရလား
မင်းမလဲနော် ငါ့မိဘတွေက မျက်နှာသာ
ပေးထားလို့ လုပ်ချင်တိုင်းကို လုပ်နေတာ
တခါတလေ ငါက သားအရင်းလား
တောင် မသေချာဘူး 🙂''"ဒါကတော့ ကုသိုလ်ကံလေ ခွေးကောင်
ရယ် မြန်မြန်လုပ်ကွာ ငါဒီနေ့လုပ်စရာရှိတယ်''"နေစမ်းပါအုံးကွာ သွားလေးတော့တိုက်
ပါရစေအုံး '' ဝေး ပြောပြီးသည်နှင့်
ရေချိုးခန်းထဲရှိ ဘေစင် ဆီသွားကာ
သွားပွတ်တံပေည် သို့ သွားတိုက်ဆေး
ကိုထည့်နေသည်"မြန်မြန် လုပ်ပါကွာ ငါဒီနေ့
ဂူး ကို သွားပိုးမလို့ ဟဲဟဲ
သိတဲ့ အတိုင်းသူကလည်း
ငါ့ကို ကြိုက်နေသလိုလိုရှိတယ်လေ ''ဝေးတစ်ယောက် သွားတိုက်ဆေးထည့်
နေရာမှ ရပ်တန့်မိသွားသည်မဖြစ်နိုင်ဘူး ငါကဘာလို့ စိတ်ထင့်သွား
ရတာလဲ အရင်လည်း သူကောင်မလေး
တွေကို ပိုးနေကြပဲကို ဟူးးးး
ငါ့စိတ်တွေ မနက်စောစောစီးစီး
လေးနေလိုက်တာ
YOU ARE READING
ချစ်သောဦး
Fantasíaအထန်တွေပါမှာပါ ရိုင်းတဲ့စကားလုံးတွေလည်းပါမှာပါ ဖတ်တာမဖတ်တာတော့ ကိုယ့်သဘော နဲ့ကို ဆုံးဖြတ်ပါ ဖတ်ပြီးတော့ မှ မကောင်းမပြောပါနှင့် warning ( 18 +) ပါမှာပါ