ဒီလိုဖြစ်ရပ်မျိုးတွေမကြုံရခင်အထိ
ကျွန်တော်ကခင်ဗျားတို့လိုပဲနေ့ရက်တိုင်းကို
အဆင်ပြေစွာဖြတ်သန်းခဲ့တဲ့
သာမန်လူတစ်ယောက်ထပ်မပိုခဲ့ပါဘူး ။………………………………………………
အခုတော့ကျွန်တော်ကနေ့နဲ့ညနဲ့မှားနေတဲ့
သူတစ်ယောက်ဖြစ်နေပါပြီ ။
ညဘက်ခင်ဗျားတို့နှစ်ချိုက်စွာအိပ်နေကြတဲ့အချိန်မှာ
ကျွန်တော်ကတော့ကြောက်လန့်စွာ
ဖြတ်သန်းနေခဲ့ရပါတယ် ။………………………………………………
ညတိုင်းဒီလိုအချိန်ရောက်ပြီဆိုရင်
ကျွန်တော့်အိမ်မှာရှိသမျှတံခါးပေါက်တွေကို
အကုန်လုံအောင်လိုက်ပိတ်ထားခဲ့တယ် ။ဒါပေမဲ့အဲ့တာကရီစရာကောင်းတယ်နော် ?
အကောင်အထည်မရှိတဲ့အရာကို တံခါးပေါက်တွေက
တားဆီးနိုင်မှာမို့လို့လား ???…………………………………………………
အိမ်နားမှာခွေးတွေဆွဲဆွဲငင်ငင်အူနေကြပြီ ။
ကျွန်တော့်အိပ်ခန်းထဲကမီးတွေကိုအကုန်ပိတ်လိုက်ပြီး
ကုတင်ပေါ်မှာ ရင်ဘတ်ပေါ်ကိုလက်နှစ်ချောင်း
ယှက်တင်ထားပြီးမျက်လုံးမှိတ်နေလိုက်တယ် ။သူကတော့ကျွန်တော့်ကိုမြင်နေရပေမဲ့ကျွန်တော်သူ့ကို
မမြင်ရသ၍တော့ ကျွန်တော့်အတွက်
အဆင်ပြေပါတယ် ။…………………………………………………
တစ်ယောက်တည်းအိပ်တဲ့အိပ်ခန်းထဲမှာ
ကျွန်တော်တစ်ယောက်တည်းမဟုတ်တာ
ကြာခဲ့ပြီ ။တစ်ခါတစ်လေအနားမှာ တီးတိုးစကားလာပြောသံတွေ
ကြားရတယ် ။
အသံကခြောက်ကပ်ကပ်နဲ့အက်ကွဲသံပေါက်နေတော့
သူဘာပြောမှန်းသေချာမသိရဘူး…………………………………………………………
ဖုန်းဖွင့်ပြီးနာရီကိုကြည့်မိလိုက်တယ်
[ 12:03 ] AM
ဒီညကော ကျွန်တော်ကျော်ဖြတ်နိုင်ပါ့မလား ????……………………………………………………
ကျွန်တော့်အိပ်ခန်းရဲ့ကြမ်းပြင်ကကျွန်းသစ်နဲ့ခင်းထားတာ
ဆိုတော့လမ်းလျှောက်ရင်ခြေထောက်ကသဲမှုန်တွေနဲ့
ကြမ်းနဲ့ပွတ်တိုက်မိပြီး "ရှပ် ရှပ် ရှပ်"ဆိုတဲ့အသံတွေ
မြည်တတ်တယ် ။
YOU ARE READING
12:03
Horrorကြောက်ရွံ့မှု့တွေကနေလွတ်မြောက်နိုင်ဖို့အတွက် ခင်ဗျားအရှေ့မှာ ကိုယ့်ကိုကိုအဆုံးစီရင်နိုင်ဖို့ ဓားတစ်ချောင်းရယ် ကြိုးခွေတစ်ခွေရယ် ချထားပေးမယ် ဆိုရင် ခင်ဗျားဘာကိုရွေးမလဲ ???