အိမ်ရှေ့တံခါးဖွင့်ကြည့်လိုက်တော့
အပြင်ဘက်မှာမိုးတွေသည်းသည်းမည်းမည်းရွာနေလို့
အမေ့တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲနေခဲ့တယ် ။"အမေ့ ထီးမယူလာဘူးလားတစ်ကိုယ်လုံးစိုရွဲနေတာပဲ"
အမေကပြန်ပြုံးပြပြီးတော့
"အေးဟုတ်တယ်သားရယ် သားတစ်ခုခုဖြစ်နေပြီထင်လို့
အမေလဲစိတ်ပူပြီး လောလောနဲ့ထွက်လာခဲ့တာ
ထီးမေ့ကျန်ခဲ့တယ်"ကျွန်တော်လဲအမေ့ကိုအမြန်အိမ်ထဲပေးဝင်လိုက်ပြီး
တံခါးကိုလော့ပြန်ချလိုက်တယ် ။"အမေ့ဒီမှာခဏလေးစောင့်နေနော်"
ဆိုပြီး ဧည့်ခန်းမှာအမေ့ကိုထားခဲ့ပြီးတော့
အပေါ်ထပ်ကကျွန်တော့်အိပ်ခန်းထဲမှာရှိတဲ့သဘက်
ယူပေးဖို့အမြန်ပြေးတက်သွားခဲ့တယ် ။"အမေ့ရော့ ခေါင်းတွေခြောက်အောင်သုတ်လိုက်အုံး
သားမှာ ညဝတ်အကျီတွေရှိတယ် လဲဝတ်မလား အမေ ?"အမေကခေါင်းသုတ်နေရင်းနဲ့
"ရပါတယ်သားရယ် အမေ့ကားထဲမှာအဝတ်အစားအပို
အမြဲထည့်ထားတယ် ။ အဲ့တာအဆင်ပြေရင်
သားသွားယူပေးနိုင်မလား "ဆိုပြီးတော့ခေါင်းသုတ်ရင်းနဲ့ သူ့ကားသော့ကို
လှမ်းပေးလိုက်တယ် ။ကျွန်တော်လဲကားသော့လှမ်းယူလိုက်ပြီး တံခါးမှာ
ကပ်ထားတဲ့ ချိတ်ကနေ ထီးကိုယူပြီးတော့
အမေ့ကားဆီကိုသွားလိုက်တယ် ။………………………………………………………
အဲ့မှာတော့ကျွန်တော်ထူးဆန်းတဲ့အရာတစ်ခုကို
တွေ့မိလိုက်တယ် ။"အမေ့ကားက အိမ်အဝင်ဝတည့်တည့်မှာပဲရပ်ထား
တာလား ?ဒါဆို အမေကဘယ်လိုလုပ်မိုးရေတွေအရမ်းစိုရွှဲ
နေရတာလဲ ???အိမ်အဝင်ဝမှာလဲ ကားရပ်ဖို့အမိုးလုပ်ထားတာပဲကို
အမေအခြားနေရာများသွားခဲ့သေးလို့လား ?? "
အတွေးတွေအများကြီးအမေ့ကားဆီကိုသွားရင်း
လော့ခ်ဖြုတ်ပြီးတံခါးဖွင့်ကြည့်လိုက်တော့
Driver ထိုင်တဲ့ခုံက ရေစိုထားတာမျိုးမရှိပဲ
ခြောက်သွေ့နေခဲ့တယ် ။
YOU ARE READING
12:03
Horrorကြောက်ရွံ့မှု့တွေကနေလွတ်မြောက်နိုင်ဖို့အတွက် ခင်ဗျားအရှေ့မှာ ကိုယ့်ကိုကိုအဆုံးစီရင်နိုင်ဖို့ ဓားတစ်ချောင်းရယ် ကြိုးခွေတစ်ခွေရယ် ချထားပေးမယ် ဆိုရင် ခင်ဗျားဘာကိုရွေးမလဲ ???