ဝီ…………
"အားး……" ကျွန်တော့်နားထဲရေဝင်သွားသလို
ဖြစ်နေပြီး နားတွေအူနေလို့မခံနိုင်ပဲညည်းလိုက်မိတယ် ။အဲ့နောက်မှာ စူးရှတဲ့အလင်းတန်းတစ်ခုက ကျွန်တော့်
မျက်နှာပေါ်တည့်တည့်ကိုကျရောက်လာတယ် ။တဖြေးဖြေးနဲ့အဲ့အလင်းတန်းကနီးလာတော့ မျက်လုံးထဲစူးလားလာလို့ လက်ဝါးနဲ့အလင်းတန်းရှိရာဘက်ကို
ကာပြီးလှမ်းကြည့်လိုက်တော့ လူသုံးယောက်က
ကယ်ဆယ်ရေးကရိယာတွေနဲ့ ဓာတ်မီးတွေကိုင်ပြီး
ကျွန်တော့်အနားကိုတိုးလာကြတယ် ။ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်မည်းတိတ်ဆိတ်
နေပြီး အရည်တစ်ခုခုပေါက်ကျလို့ယိုစိမ့်နေတဲ့
အသံကိုကြားနေရတယ် ။ကျွန်တော့်အနီးအနားကိုပြန်ကြည့်လိုက်တော့ အရှေ့မှာ
ကြေမွပျက်စီးနေတဲ့ကားမှန်နဲ့ ပြုတ်ထွက်သွားတဲ့
ကားစတီယာတိုင်တစ်ခုက ကျွန်တော့်ဘေးနား
ရောက်နေတယ် ။ငါဘယ်ရောက်နေတာလဲ ???…………
………………………………………………………
ကယ်ဆယ်ရေးဝတ်စုံဝတ်ထားတဲ့သူတွေထဲက
တစ်ယောက်က ကျွန်တော့်အနားလာထိုင်ပြီးတော့"ညီလေးအကိုတို့ညီလေးကို ဆွဲထုတ်ပေးမယ် နာရင်
ကြိုးကိုဆွဲပြီးအချက်ပြလိုက်နော်ညီလေး "ဆိုပြီး ကျွန်တော့်ပုခုံးကိုပုတ်ရင်းနဲ့ပြောလိုက်တယ် ။
အဲ့နောက်သူတို့ကျွန်တော့်ခါးကို ကြိုးနဲ့သိုင်းလိုက်ပြီး
ကျွန်တော့်ဘေးကိုသူတို့ထဲကတစ်ယောက်ကဝင်လာပြီး
တော့ ကျွန်တော့်ရဲ့ Driver ခုံက ခါးပတ်ကိုလာဖြုတ်
ပေးပြီးဆွဲလို့ရပြီဆိုပြီးအချက်ပြလိုက်တယ် ။အဲ့နောက်အပြင်ကနှစ်ယောက်က ကျွန်တော့်ကိုချည်ထားတဲ့ခါးသိုင်းကြိုးကနေဖြေးဖြေးခြင်းအချက်ပေးပြီးဆွဲရင်း
ကယ်ဆယ်ခဲ့ကြတယ် ။
YOU ARE READING
12:03
Horrorကြောက်ရွံ့မှု့တွေကနေလွတ်မြောက်နိုင်ဖို့အတွက် ခင်ဗျားအရှေ့မှာ ကိုယ့်ကိုကိုအဆုံးစီရင်နိုင်ဖို့ ဓားတစ်ချောင်းရယ် ကြိုးခွေတစ်ခွေရယ် ချထားပေးမယ် ဆိုရင် ခင်ဗျားဘာကိုရွေးမလဲ ???