Chapter-1🌼☀

12K 407 22
                                    

Zawgyi

2005ခုနစ်​,5လပိုင်း7ရက်​​နေ့

"သူ​ဋ္ဌေး...သူ​ဋ္ဌေး...ကိုတင်​​​အောင်​တို့အိမ်​မီး​တွေ​လောင်​​နေပြီ"

"ဘာ!!!"

ခြံထဲကအလုပ်​သမားတစ်​​ယောက်​က ဝရုန်းသုန်းကားနဲ့ ဧည့်​ခန်းမှာထိုင်​​နေတဲ့​ဖေ​ဖေ့ဆီ​ပြေးလာပြီး ဦး​အောင်​တို့အိမ်​မီး​လောင်​​နေပြီတဲ့။စာဖတ်​​နေတဲ့ ကျ​နော်​ပါမျက်​လုံးပြူးမျက်​ဆံပြူးနဲ့......
ဖေ​ဖေကလဲပြတင်း​ပေါက်​က​နေအိမ်​အ​နောက်​ကိုလှမ်းကြည့်​ပြီး စိုးရိမ်​လွန်​ ​ဇော​ချွေး​တွေ​ပြန်​ကာ ခါးကပုဆိုးကိုခပ်​တိုတိုဝတ်​ ဝင်​လာတဲ့အလုပ်​သမားဦး​လေးကြီးကို...

"သွားရ​အောင်​...မင်းက အလုပ်​သမား​တွေကိုသွား​ပြောလိုက်​...မီးသတ်​ကို​ရောဖုန်းဆက်​ပြီးပြီလား"

"ဟုတ်​ပြီးသွားပြီ...သူ​ဋ္ဌေး.."

"​အေး..ငါတို့မီးနိုင်​​အောင်​အရင်​လုပ်​ထားရမယ်​ သွားရ​အောင်​"

"​ဖေ​ဖေ..သားပါလိုက်​ချင်​တယ်​"

"လာလိုက်​ခဲ့..သား..."

ကျ​နော်​ ခုချိန်​မှာပူပန်​​နေတာ တစ်​ခုထဲပဲ။babyကခုမှ လသား​လေးပဲရှိ​သေးတာ။ကျ​နော့်​​ခေါင်းထဲမှာလဲ ဗ​လောင်​ဆူ​နေပြီ။အ​ရေးကြီးတာက babyပဲ။သူ​လေးလုံခြုံဖို့သာအဓိက။

ဦး​အောင်​တို့အိမ်​နဲ့ကျ​နော်​တို့အိမ်​က တစ်​ခြံထဲမို့သွားတာကမကြာ။ဒါ​ပေမဲ့ ဟို​ရောက်​​တော့ တစ်​အိမ်​လုံးကမီးစွဲ​နေပြီ။မီးသတ်​ကား​တွေလဲ​​ရောambulance​တွေ​ရော ​ရောက်​လာပြီမို့ အထဲဝင်​ပြီး ငြှိမ်းတဲ့လူကငြှိမ်းနဲ့။ရုတ်​တရက်​အိမ်​ထဲက​နေလူနာတင်​စင်​၂ခုထုတ်​လာတယ်​။စင်​​ပေါ်မှာ ဦး​အောင်​ရယ်​အန်​တီထားရယ်​ပဲပါတာ...ဒါဆို..baby!

"သား​ဟျောင့်​...သူရိန်​..."

ဖေ​ဖေက​တော့​နောက်​​နေလှမ်း​အော်​​နေလဲ
ကျ​နော်​ဘာမှမစဉ်းစားနိုင်​​တော့။မီး​တွေကျွမ်း​နေတဲ့အိမ်​ထဲ ​ပြေးဝင်​ကာ babyကိုရှာရမယ်​။

"အဟွတ်​...အဟွတ်​"

အိမ်​ထဲမှာမီးခိုး​တွေအရမ်းများလွန်းတယ်​။ကျ​နော်​​တောင်​ဒီ​လောက်​အသက်​ရှူကျပ်​​နေရင်​ babyဆိုဘယ်​လို​နေမလဲ။အပြင်​မှာမီးအရှိန်​​ကြောင့်​အသား​တွေပူတာထက်​ ရင်​ထဲမှာက မီးဟုန်းဟုန်း​တောက်​​လောင်​​နေပြီ။

Daddy's boy🌼Where stories live. Discover now