Thanks Giving 💛

1.1K 126 21
                                    

Unicode

အားလုံးရဲ့ကျေးဇူးနဲ့ One Way Ticket လေးဟာ ပထမဆုကိုရရှိခဲ့ပါတယ်..

ပထမဆုံး ဒီပြိုင်ပွဲကျင်းပပေးတဲ့ ချစ်ရတဲ့ Author များကိုကျေးဇူးအရင်တင်ချင်ပါတယ်

Author အသစ်လေးတွေကို အများကြီးထုတ်ပေးနိုင်ခဲ့တဲ့အတွက် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူရပါတယ်..

နောင်လဲပြိုင်ပွဲတွေဆက်လုပ်နိုင်ပီး ပိုပိုတော်ပီး အရည်အချင်းရှိတဲ့ Author တွေ fiction လက်ရာကောင်းတွေ ထွက်လာမယ်လို့မျှော်လင့်ပါတယ်။

‌ဒုတိယ အနေနဲ့ ကျေးဇူးတင်ချင်တာကတော့ One Way Ticket လေးကိုဖတ်ပေးကြတဲ့ ချစ်ပေးကြတဲ့ Reader တွေကို ပါ..

အားပေးတဲ့ Reader တွေသာမရှိဘူးဆိုရင် Author တွေရေးသမျှကအလကားဖြစ်သွားမှာပါ...

One Way Ticket လေးဟာ ပျော်ရွှင်မှု ကြည်နူးမှုကို ကိုယ်စားပြု‌ဖော်ပြထားတဲ့အတွက် Evelyn ပေးတဲ့ Message လေးကို ရရင် တကယ်ကိုကျေနပ်ရပါတယ်..

ကြည်နူးရတယ် ပျော်ရတယ်ဆိုတဲ့မန့်လေးတွေ တွေ့ရင် တကယ်ပီတီဖြစ်ပီး ပြုံးပျော်နေမိတာပါပဲ။

ဒီ challenge ပြိုင်ပွဲကြေညာတာတွေ့တော့ ပြိုင်ကြည့်မယ်ဆိုပြီး တော့ plot အကြမ်းချပီးသားပါ..
ဒါပေမဲ့ ကိုယ့်ရဲ့ ပေါ့လျော့မှုကြောင့် နောက်ဆုံးတင်ရမဲ့နေ့ကို အမှတ်မှားသွားတယ် ..
Author Mal Eaint တင်တာတွေ့တော့မှ အသည်းအသန် သွားမေးမိတော့ အဲ့နေ့ပဲ ပိတ်တော့မှာတဲ့..ညနေ ၆နာရီပိတ်မှာကို နေ့လည်၁၂ ထိုးမှ သိတာပဲ plot အကြမ်းပဲရှိပီး ဘာမှချမရေးရသေးဘူး.. လူကလက်တွေပါတုန်တယ် ပြိုင်ဖို့ မမီမှာစိုးလို့.. ၁၂ခွဲကနေ‌တောက်လျှောက်ထိုင်ရေးတာ ညနေ၅နာရီခွဲမှ ရေးပီးတယ် ... One Way Ticket ကို ရေးဖို့ ၅နာရီ တိတိကြာခဲ့တယ်..
ကံကောင်းလို့ တင်ဖို့အချိန်မီခဲ့တာပါပဲ...

အခုတော့ ဆုရခဲ့ပါပီ ...

လောလောလောလော နဲ့ရေးရတဲ့ အတွက် ကိုယ့်ဘာသာကိုယ်တော့ ၁၀၀% မကျေနပ်ခဲ့ပါဘူး
တင်ပီးကာမှပြင်ချင်တာလေးတွေရှိခဲ့တယ်

Judge တွေကလဲ ပြိုင်ပွဲပီးရင် ပြင်သင့်တာတွေ ပြင် ထည့်သင့်တာတွေထည့် စာလုံးပေါင်းတွေဂရုစိုက်ဖို့ အကြံဉာဏ်ပေးကြပါတယ်...

One Way Ticket (Completed)Where stories live. Discover now