အချို့သောသူများက တားမြစ်နန်းတော်ထဲ ဝင်ရမည့်အရေးကို ပျော်ကြသည်။ အချို့ကတော့ ရှောင်လွှဲလိုကြသည်။
အိမ်တော်တိုင်းကတော့ သူတို့သမီးပျိုများ၏ဘဝကို လောင်းကြေးထပ်လိုသည် မဟုတ်ပေ။
အပေါ်ယံကြည့်လျှင်တော့ ရွေးကောက်ရန်အတွက် ချမှတ်ထားသည့် စည်းမျဉ်းများရှိနေလေရာ စနစ်ကျသည်ဟု ထင်ရသည်။ သို့သော် အချို့မိဘများက သူတို့သမီးပျိုကို အကျပ်အတည်းထဲ မပို့လိုသည့်အတွက် ဉာဏ်ဆင်ကြတော့သည်။ အချို့က နာမကျန်းဖြစ်နေဟန်ဆောင်ကြသည်။ တော်ဝင်မိသားစုကို ရောဂါကူးစက်စေမည်စိုးသည့်အတွက် ထိုသူတို့ကို လွတ်ငြိမ်းခွင့် ပေးလိုက်ရသည်။ ဤနည်းဖြင့် သူတို့၏အမည်ကို နန်းတွင်းသူလောင်းလျာစာရင်းမှ ပယ်ဖျက်လိုက်နိုင်ကြသည်။ မိသားစုက ဩဇာနယ်ပယ်ကျယ်ပြန့်သည့် အရာရှိများကို လာဘ်ထိုးနိုင်လျှင်လည်း ရသည်။ နန်းတွင်းရွေးကောက်ရေးမှ ကြီးကြီးမာစတာတစ်ယောက်ကို ကပ်နိုင်ဖို့တော့ အရေးကြီးသည်။ ဤနည်းမှာ တရားမဝင်သော်လည်း မည်သူမျှ ထုတ်ဖော်ပြောရဲမည်မဟုတ်တော့ပေ။
သို့သော် ဝေ့ရင်းလော့ကဲ့သို့ လူရှေ့တွင် ဖွင့်ချလိုက်လျှင် အရာရှိများလည်း မျက်ကွယ်ပြုနေ၍ မရတော့ပေ။
"ပြောလေ! ဘာတြွေဖစ်နေတာလဲ"
ကျုံးလင်လူကြီးမင်းက ဟောက်သည်။
"ဒါက..."
ဝေ့ချင်းထိုက်လည်း တစ်ခုခုပြန်ပြောနိုင်ရန် အပြင်းအထန် စဉ်းစားရတော့သည်။
"ကျွန်မ ရှင်းပြပါရစေ"
ဝေ့ချင်းထိုက်၏နောက်မှ သိမ်မွေ့သောအသံလေး ထွက်ပေါ်လာသည်။
ဝေ့ရင်းလော့သည် တစ်ကိုယ်လုံး ကြိုးနှင့်အတုပ်ခံထားရသည်ဖြစ်ရာ လမ်းလျှောက်ရန်ပင် ခက်ခဲနေသည်။ သို့နှင့် ဒူးထောက်ကာ ကျုံးလင်လူကြီးမင်း၏ဘေးသို့ ရောက်လာသည်။ သူသည် သွေးအလိမ်းလိမ်းဖြစ်နေသော မျက်နှာကလေးကို မော့လိုက်သည်။ အနီရောင်သွေးစတို့ကြောင့် သူ့မျက်ဝန်းတို့က ပို၍ပင် တောက်ပနေလေသည်။
"ကျုံးလင်လူကြီးမင်း ... ကျွန်မက ဝေ့ရင်းလော့ပါ။ ဒီနှစ်မှာ နန်းတွင်းသူရွေးပွဲ ဝင်ရမှာပါ" သူ့အမူအရာက တည်ငြိမ်နေကာ သူ့စကားသံက ရှင်းလင်းပီသသည်။ "အဖေက ကျွန်မကို အလွန်ချစ်ခင်တဲ့အတွက် နန်းတော်ထဲကို မပို့ရက်ဘူးဖြစ်နေတာပါ။ ဒါကြောင့် ကျွန်မကို ရူးသွားပြီလို့ ကြေညာပြီး လပ်ထပ်ပေးဖို့ ကြိုးစား..."
YOU ARE READING
[Zawgyi]ရန့်ရှီနန်းတော်မှ ပုံပြင်လေးတစ်ပုဒ်
Romanceဖတ်ရတာ ရှုပ်မှာစိုးတဲ့အတွက် Zawgyi နဲ့ Unicode ကို တစ်အုပ်စီ ခွဲထားပါတယ်နော် Writer - Xiao Lian Mo (Original screenplay by Zhou Mo) Episode - 163 English translator(s) - Sleepchaser