💜 Ep-5 💜

2.1K 365 23
                                    

(Unicode)

သူတို့စခန်းချသည့်နေရာပြန်ရောက်တော့ တစ်ယောက်မှမျက်နှာမကောင်း....

"Hyungတို့ဘာဖြစ်နေကြတာလဲ..."

Nam Joon ကမေးလိုက်တော့....Jin hyungက...

"J...joon....."

"ဘာဖြစ်နေလဲလို့...."

"ဟို....ငါက Tent ထဲ ပြန်ဝင်ပြီးအင်္ကျီတွေသိမ်းနေတာ...Taeရယ် Suga ရယ် Hoseok ရယ်က ရေသွားချိုးတယ်...ဟင်းချက်ဖို့ မနက်ကသူတို့လာပို့တဲ့ ရေခဲပုံးထဲက ကြက်သားကိုထုတ်ပြီး အပြင်မှာ ဒန်အိုးထဲ ရေစိမ်ပြီးထားခဲ့တယ်...ခဲနေလို့...အဲ့တာ ငါလည်း ပြန်ထွက်လာရော အိုးထဲမှာရေပဲကျန်ပြီး ကြက်သားမရှိတော့ဘူး..."

"ဟမ်...."RM , JK, JM

"အဲ့တာ ငါလိုက်ရှာတော့ ဟိုနားက သစ်ငုတ်ပေါ်မှာ ပြန်တွေ့တယ်....အဲ့တာ ငါလည်းဘာလုပ်လို့လုပ်ရမှန်းမသိလို့ ငုတ်တုတ်ထိုင်နေတာ....ချက်လည်းမချက်ရဲဘူး.."

"ရိုက်ကူးရေးအဖွဲ့ကိုဖုန်းဆက်လိုက်လား..."

"သူတို့ဘက်ကအရင်ဆက်လာတာ...ဘယ်သူမှမရှိတဲ့အချိန် ကြက်သားတုံးကြီးက လေပေါ်မြောက်တက်သွားတာတဲ့....သူတို့လည်းတီဗီမှာမြင်လိုက်တယ်တဲ့..အဲ့တာ တစ်အောင့်နေ ဟင်းလာပို့လိမ့်မယ်...အခုတော့ ထုံးစံအတိုင်းခေါက်ဆွဲပြုတ်ထားတယ်..."

"ဟင်း....အဲ့တော့လည်း......ရသမျှပဲ ကြိတ်မှိတ်ပြီးစားကြတာပေါ့...."

"ထားပါတော့လေ...ဪ....ဒါနဲ့Hyungတို့ကို မေးရဦးမယ်....ကျွန်တော်တို့ပြန်မလာခင် တစ်အောင့်လောက်က ဒီမှာဘာထူးခြားသေးလဲ...လုံးဝမှောင်မိုက်သွားတာတို့၊ ဝေါဝေါဝေါဆိုတဲ့အသံကြားရတာတို့ဘာတို့ဖြစ်သေးလား..."

Jiminက ထမေးသည်...

"မဖြစ်ပါဘူး...ကောင်းကင်တစ်ခုလုံးသာယာနေတာပဲ..."

"ဟမ်....."

သူတို့သုံးယောက်လုံးတစ်ပြိုင်တည်း ရေရွတ်မိတော့ အားလုံး၏ အကြည့်များသည်သူတို့ဆီရောက်လာသည်.....

"ဘာဖြစ်လို့...."

ဒီဘက်မှာ သူတို့တွေ အသည်းပျက်မတတ်ကြုံနေရသည်ကို Hyungတို့ဘက်မှာက ဘာမှမဖြစ်ဆိုတော့..........
သေချာပေါက်...တစ်ခုခုကတော့ လွဲချော်နေချေပြီ......

Haunted Nights With Bangtan ||COMPLETED||Where stories live. Discover now