💜 Ep-3 💜

2.4K 401 65
                                    

(Unicode)

ဒီလိုနဲ့ နေ့လယ်စာစားပြီး ညနေစောင်းလောက်ကျတော့ စီစဉ်ပေးတဲ့ ကားနဲ့ နေရာဆီထွက်လာခဲ့ကြပါသည်.....အားလုံးရဲ့ ရင်ထဲမှာတော့ စိုးထိတ်မှုတွေ ကိုယ်စီရှိနေပေမဲ့ ဘာမှမပြောဖြစ်ကြ....အမြဲ ဆူ‌ညံနေတတ်တဲ့ သူတို့အဖွဲ့ဟာ ဒီတစ်ခါမှာတော့ တိတ်ဆိတ်လို့..........အတော်ကြာမောင်းနှင်ပြီးနောက်မှာတော့...

"ကဲ....ရောက်ပါပြီ......အားလုံးပဲ ကံကောင်းကြပါစေ...."

သူတို့ကိုချပေးပြီးတော့ နှုတ်ဆက်ကာ ကားက ပြန်လှည့်သွားသည်.....ယောင်ချာချာဖြင့် သူတို့၇ယောက်ကတော့ ဘာလုပ်လို့လုပ်ရမှန်းမသိသေး..........

"ကဲ....ငါတို့ဒီတိုင်းနေလို့မဖြစ်ဘူး......
ဆိုတော့...အခု ငါတို့အတွက်ပေးထားတဲ့ tentက တစ်ခုတည်းဆိုတော့ ပေါင်းအိပ်ကြတာပေါ့......
နေဦး...အခု ငါတို့ညမှောင်လာပြီ....အဲ့တော့ သားကောင်တွေလာနိုင်တယ်....မီးဖိုကြမယ်......."

RM Hyung ၏ စကားဆုံးတော့မှပဲ အကုန်လုံးလည်း လှုပ်ရှားကြတော့သည်.........အသင့်ပြင်ပေးထားသည့် ထင်းတွေကို စုပုံလိုက်ပြီး ဂတ်စ်မီးခြစ်ဖြင့် မီးညှိလိုက်သည်......မီးပုံပေးဘေးနားမှာတော့ အစောက အသင့်ချထားပေးသည့် ခေါက်ကုလားထိုင်များကိုဖြန့်ပြီး ဝိုင်းထိုင်လိုက်သည်......ပုံမှန်ဆို ဖုန်းသုံးမိမှာဖြစ်ပေမဲ့ အခုတော့ တစ်ယောက်မှဖုန်းမသုံးနိုင်....အတွေးတွေက ဘာဆက်ဖြစ်မလဲဆိုတာကိုပဲ ဦးတည်လို့.........

"ကျွန်တော်တို့ဒီတိုင်းတော့ ထိုင်နေလို့မဖြစ်ဘူးထင်တယ်.....ညစာအတွက်တစ်ခုခုစီစဉ်ကြရအောင်....."Jimin

"ခေါက်ဆွဲခြောက်တွေကျွန်တော်တို့ပါလာတယ်မဟုတ်လား....အဲ့တာတွေ ပြုတ်စားကြမယ်လေ......"tae

"နေဦး....ဒီနားမှာ စမ်းချောင်းရှိတဲ့ပုံပဲ...ရေသံကြားတယ်..."jin

"‌ငါးမျှားချိတ်ရှိတယ်မို့လား...ကျွန်တော်ငါးသွားမျှားမယ်လေ...တစ်ယောက်ယောက်တော့ လိုက်ခဲ့ပေါ့...."JK

"Hoseok..မင်းလိုက်သွားလိုက်......"Jin

"n...nae...hyung......"Hoseok

"ဆိုတော့..နေဦး...မင်းတို့မသွားခင် ငါတို့အားလုံး တာဝန်တွေခွဲရအောင်...Hoseok hyung နဲ့ Jung kookက ငါးသွားမျှားမယ်...95liner နှစ်ယောက်က ချက်ပြုတ်လိမ့်မယ်.....Jin hyung ရယ် Suga hyung ရယ် ငါရယ်က tent ပြင်ရမယ်..အခုက tent ပဲပေးထားတာ..မဆောက်ပေးထားဘူး..ငါတို့ဘာသာ လုပ်ရမှာ....အားလုံး တစ်ယောက်ကို ဆယ်လ်လူလာ ဖုန်းတစ်ခုစီရထားတယ်...ကိုယ်နဲ့မကွာဆောင်ထားပါ..
ဘာမ‌ရှင်းတာရှိသေးလဲ...."RM

Haunted Nights With Bangtan ||COMPLETED||Donde viven las historias. Descúbrelo ahora