Chapter 5

5.6K 719 30
                                    

Unicode

ဒီနေ့ စိုစို လာကြိုမည်ဆိုသဖြင့် ကျောပိုးအိတ်ပြင်ပြီးစောင့်နေလိုက်သည်။ ဒီညက စိုစိုတိုက်ခန်းမှာ လိုက်အိပ်မှာဖြစ်သည်။ ဒါပေမယ့် အဆောင်စည်းကမ်းအရ အုပ်ထိန်းသူက လက်မှတ်ထိုးပြီး ခေါ်မှ ခွင့်ပြုမှာဖြစ်သဖြင့် စိုစိုလာသည်အထိ စောင့်နေရခြင်းဖြစ်သည်။ အမှန်က သူ့ဘာသာ စိုစိုဆီသွားချင်တာဖြစ်သည်။ စိုစိုအဆောင်လာလျှင် သူ့အဒေါ် အလွင့်က သိပ်စိတ်ချရတာမဟုတ်။ အဆောင်နေသူတွေ၏ အဒေါ်တောင်းမှာ စိတ်မပူရပါ။ စပ်စလူးအဒေါ်ကသာ

"ဟယ် ဟိုကလေးလေးက စင်လိုက်တာ"
"ဟာ Uke typeလေး"
"လုံး၀ Semeပုံစံပဲ"

စသည်ဖြင့် သူ့အဆောင်က သူတွေကို  အမျိုးမျိုး commentပေးသဖြင့် သူကပြန်အားနာရသည်။ Fujoshi ဆိုလား ခံယူထားသည့် စိုစိုထံမှ ထွက်လာသည့် စကားလုံးတို့သည် အားလုံးကိုသူနားမလည်ပေမယ့် ရေးတေးတေးတော့ သဘောပေါက်သဖြင့် တစ်ခါတစ်လေဆို မျက်နှာပူရသည်။

စိုစို က အဆောင်မှုူးဆီမှာ လက်မှတ်ထိုးပြီး ကောင်းကောင်းကို နှုတ်ဆက်နေသည်။ နှစ်ယောက်သား လေပေးဖြောင့်နေသဖြင့်စောင့်လိုက်ရသေးသည်လေ။

"ကဲ စိုစို
သွားကြစို့ " သူက လောလိုက်မှ

"ကောင်းကောင်းရေ
သသကို မုန့်ဝယ်ထည့်ပေးလိုက်မယ်နော်"

"ဟုတ် စိုစို
များများ ထည့်ပေးနော်"

ဟု မှာနေသဖြင့်

"ငတ်ကို ငတ်တယ်" ဆိုပြီး ပြောပေးခဲ့လိုက်သည်။ ကောင်းကောင်းက သူခေါ်သလို စိုစို ဟု  လိုက်ခေါ်သည်လေ။ ဘာပဲဖြစ်ဖြစ်ကောင်းကောင်းက သူ့ထက်စာရင်တော့ လူမှုဆက်ဆံရေးပိုကောင်းသည်။ ကားပေါ်ရောက်တော့ ကျောပိုးအိတ်ကို နောက်ခန်းမှာပစ်ထည့်ပြီး ရှေ့ခန်းမှာဝင်ထိုင်လိုက်သည်။  ထိုင်ခုံခါးပတ်ပတ်နေတုန်း စိုစိုက

" သသ
မုန့်အရင် သွားစားမလား

Shoppingအရင်ထွက်မလား" ဟု မေးသည်။

" မုန့်အရင်သွားစားရအောင်
သားဗိုက်ဆာတယ်"

"Okay
ဘာစားချင်လဲ"

အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့ လွင်ပြင်)CompletedWo Geschichten leben. Entdecke jetzt