Zawgyi Version
ထျန်းယန်:''ငါတာဝန်ထမ်းဆောင်ဖို့သွားရင်လည်း
ငါ့နောက်ကနေလိုက်မလာနဲ့...''ထျန်းယန်ရဲ့စကားကြောင့် လုချင်ဟာထျန်းယန်ကို
အပြစ်ကင်းစွာနဲ့ ကြည့်လိုက်တယ်။"ငါလိုက်မလာပါဘူး။''
"မင်းငါ့နောက်ကနေ တိုးတိုးတိတ်တိတ်
်လိုက်လာတယ်မလား...!''ထျန်းယန် စိတ်စိုးစိုးနဲ့အော်လိုက်တယ်။
"မင်းဘယ်လိုသိတာလဲ..!?''
ထျန်းယန်စကားကြောင့် လုချင်အံ့သြသွားတယ်။
ထျန်းယန်:"ငါမင်းရဲ့ကိုယ်နံ့ကို ခံနိုင်တယ်လေ။''
လုချင်ဟာသူ့ရဲ့နှာခေါင်းကို
ပွတ်လိုက်တယ်။''ငါမင်းအန္တရာယ်ဖြစ်မှာစိုးရိမ်လို့ပါ...''ထျန်းယန်အေးစက်စက်ပြောလိုက်တယ်။
"ငါဘယ်တော့မှသတိလက်လွတ်နေမှာမဟုတ်ဘူး။''"ဘယ်သူပြောလဲ?မင်းတကယ်သတိမလွတ်ဘူးဆိုရင်
မင်းဘာလို့ငါ့ကိုပစ်ခဲ့တာလဲ?''ထျန်းယန် လုချင်ရဲ့အင်္ကျီစကိုဆွဲလိုက်ပြီးတော့
အော်ဟစ်လိုက်တယ်။''မင်းခုထိဟန်ဆောင်နေတုန်းဘဲလား!?အဲ့နေ့ကမင်းရဲ့ဒဏ်ရာကငါနဲ့ဘာမှမဆိုင်ဘူး!''လုချင်ဟာမျက်တောင်အသာခပ်လိုက်တယ်။
အခွင့်အရေးတုန်းမှာဘဲသူ့ရဲ့ခေါင်းကိုငုံ့လိုက်ပြီးတော့
ထျန်းယန်ရဲ့နှုတ်ခမ်းကိုနမ်းဖို့ပြင်လိုက်တယ်။ထျန်းယန်ရဲ့မျက်နှာဟာ နီရဲရဲဖြစ်လာခဲ့တယ်။
"မင်း....မင်းဘာလုပ်တာလဲ?''လုချင်:''အဲ့နေ့က ငါမင်းကိုလိမ်ခဲ့တာဆိုတာ
မင်းဘယ်လိုသိတာလဲ?''ထျန်းယန် ရဲ့မျက်လုံးတွေဟာ မြေပြင်ကိုရွေ့လျားသွားတယ်။''မင်းလက်မောင်းပေါ်မှာ
စိုက်နေတဲ့မြှားနဲ့ငါ့ရဲ့မြှားနဲ့မတူဘူး။''.....
လုချင်ဟာပြုံးလိုက်ပြီးခပ်တိုးတိုး
ပြောလိုက်တယ်။''ငါလိမ်ပြောတာကိုမင်းသိတယ်ဆိုရင်
မင်းဘာလို့ငါ့ကိုထျန်းဒေသကိုခေါ်လာခဲ့တာလဲ?''ထျန်းယန်ဟာလုချင်ကိုစိမ်းစိမ်းဝါးဝါးကြည့်လိုက်တယ်။
"ကောင်းပြီ။အဲ့ဒီ့အတွက်ငါတောင်းပန်တယ်!''
CZYTASZ
Life-Chaser(Myanmar Translation)
Krótkie OpowiadaniaBL Short Story(COMPLETED) Author(s)Lu Tianyi Genre:Historical,Romance, Shounen Ai,WuXia Translated by Dreammy_Park