ထယ်ယောင်း ဒီနေ့ Magazine photo ရိုက်ရန် Game Center အသစ်ကိုရောက်နေတယ်
တစ်ကယ်ပဲ Jeon gp ဆိုတဲ့အတိုင်း Game center တောင်မှ အကြီးကြီးပဲ
Jeon gp က Ceoက ငယ်ငယ်လေးလို့ကြားတယ် တအားလည်းခန့်ညားပြီးတအားလည်းချောတယ်တဲ့
"Coffee သောက်ချင်လိုက်တာ Hoseok Hyungကလည်းမလာသေးဘူး"
Taehyung ထိုင်စောင့်နေရင်းနဲ့ကြာလာတော့ ထပ်ပြီးမစောင့်နိုင်တော့ဘူး ဟိုဆော့ဟျောင်းက ရိုက်ကွင်းမန်နေဂျာနဲ့ သွားတွေ့နေတာ ထိုင်နေရင်းနဲ့ထယ်ယောင်းအကြံတစ်ခုပေါ်လာတယ်ပြီးတော့Game center ထွက်ပေါက်ဘက်ကို မသိမသာလျှောက်သွားကြည့်လိုက်တယ်မျက်နှာမှာ ကျေနပ်တဲ့အပြုံးတစ်ခုထွက်ပေါ်လာပြီးတော့
"သူတို့တွေက လုံခြုံရေးကောင်းတာပဲ"
ရှင်းပါတယ် သူဟိုဆော့ဟျောင်းကိုအကြာကြီးထိုင်စောင့်နေရတာကော၊ဒီလိုမျိုးခိုးကြောင်ခိုးဝှက်လာချောင်းရတာကော ဘာကြောင့်လဲဆိုတော့ အစွဲလန်းကြီးလွန်းတဲ့ တစ်ချို့ Fan တွေကြောင့်သူတို့တွေကကြောက်ဖို့ကောင်းတယ်ဗျ ဘယ်သွားသွားအနောက်ကနေ stalkerလိုလိုဘာလိုလိုနဲ့ လျှောက်လိုက်တတ်ပြီး တစ်ယောက်တည်းထွက်သွားကြည့်ပါလားသူတို့မြင်သွားလို့ကတော့ပွဲသိမ်းပြီပဲဒီကြားထ
Paparaziတွေကလည်းရှိသေးတာ
ဒီနေ့တော့ ကျွန်တော့်ကိုကံကြမ္မာကမျက်နှာသာပေးတယ်ထင်ပါ့ ဘယ်သူမှမရှိဘူးအဲ့တာကြောင့်မို့ Maskကို တပ်လိုက်ပြီးဦးထုပ်ကိုလုံအောင်ဆောင်းလိုက်တယ်ပြီးတော့ ဟိုဆော့ဟျောင်းကိုလည်းကြည့်ရသေးတယ်သူတွေ့သွားရင် ကျွန်တော့်ကိုလွှတ်မှာမဟုတ်ဘူး အစကတော့ ဟျောင်းကိုဝယ်ခိုင်းမလို့ပဲ ဒါပေမယ့်ဒီလိုမျိုး လွတ်လွတ်လပ်လပ်ထွက်ရဖို့က ခဲယဉ်းတယ်လေ
ကျွန်တော်လမ်းလျှောက်လာလိုက်တာ ကုန်းတံတားပေါ်တောင်ရောက်နေပြီး အောက်မှာသွားနေတဲ့ကားတွေ
"ဒီနေရာလေးက ညဘက်ဆို သိပ်လှမှာပဲ"
ကျွန်တော် ဒီမှာအကြာကြီးရပ်နေလို့မရဘူး မြန်မြန်သွားပြီးမြန်မြန်မပြန်ရင် အားလူံးကကျွန်တော့်ကို စိတ်ပူနေကြလိမ့်မယ်
တံတားပေါ်ဆင်းလာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်
DNA Cafe
ဆိုင်ထဲကို ဝင်သွားပြီး ကျွန်တော်ကောင်တာမှာ iced coffee နှစ်ခွက်မှာလိုက်တယ်ပြီးတော့ Cake ကလေးနဲ့
"ပါဆယ်လား ထိုင်စားမှာလားဗျ "
"ပါဆယ်ပါ"
"ဟုတ်ကဲ့ ဝမ်6500ကျပါတယ်"
ကွန်တော်ငွေရှင်းဖို့ အိတ်ကပ်ထဲမှာ ပိုက်ဆံအိတ်နှိုက်လိုက်တယ် ဒါပေမယ့် ပိုက်ဆံအိတ်က မရှိတော့ဘူး ကျွန်တော်သေချာပေါက်ကုတ်အင်္ကျီထဲကိုထည့်ထားတာ ဘာလို့မရှိတော့တာလည်း ကြည့်ရတာ ရိုက်ကွင်းမှာကျန်ခဲ့ပြီထင်တယ်
ထယ်ယောင်း ကိုယ့်နဖူးကိုယ်သာ လက်ဝါးနဲ့ရိုက်လိုတော့တယ်
အရှက်တော့ကွဲပါပြီ
ကောင်တာက cashierကောင်လေးကလည်း ကျွန်တော့်ကို စောင့်နေတယ်
"ဒီ black coffeeနဲ့ အဲ့ဟာကိုပေါင်းရှင်းလိုက်ပါ"
လူတစ်ယောက်ရဲ့အသံ ကျေးဇူးတင်ဖို့လှည့်ကြည့်လိုက်တဲ့အခါ ကျွန်တော်ပြောမယ့်စကားတောင်လည်ချောင်းထဲက ထွက်မလာတော့ဘူး ဒါဟိုလူမလား
"ကိုယ့်ကို ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ"
တစ်ဖက်ကလူက သတိလှမ်းပေးတော့မှကျွန်တော်အတွေးတွေကနေ လက်ရှိအခြေအနေကိုပြန်ရောက်လာတယ် ကောင်တာပေါ်ကမုန့်ထုပ်ကိုယူလိုက်ပြီး
"ဟို ကျွန်တော့်ကို အခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
စိုက်ပေးလိုက်ရတဲ့ငွေကို ပြန်ပေးပါရစေ ကျွန်တော် ဘယ်လိုပြန်ပေးရင်ဖြစ်မလဲဗျ"
"ရတယ် မလိုဘူး "
ပြောပြီးထွက်သွားတဲ့လူ ထယ်ယောင်းခဗျာပြေးလိုက်တော့လည်းမမှီတော့ အဲ့လူရဲ့ကားက ထွက်သွားပြီ
ထယ်ယောင်းလည်းရိုက်ကွင်းကို ပြန်ပြေးရတယ်
အဲ့နေ့က ဟိုဆော့ဟျောင်းဆူတာလည်းတော်တော်ခံလိုက်ရတယ်
At JK side,
ကျွန်တော်က သူများကိစ္စကို ဝင်ပါတတ်တဲ့သူမဟုတ်ဘူး
ဒါပေမယ့် အဲ့ကောင်လေးဒုက္ခရောက်နေတာကိုဘယ်လိုမှကျော်မသွားနိုင်ဘူး
သူသိတာပေါ့ Maskတွေအုပ် ဦးထုပ်တွေဆောင်းထားပေမယ့် အဲ့ကောင်လေးရဲ့မျက်လုံးကိုမှတ်မိနေတယ်
ဝိုင်းစက်ပြီးလှပတဲ့မျက်လုံးလေးတွေကဘယ်သူနဲ့မှမတူပဲ ကွဲပြားနေလို့မှတ်မိနေခဲ့တာ
ဒါပေမယ့် ကောင်လေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ မသိချင်ယောင်ဆောင်ပြီးထွက်လာခဲ့တာ
ကောင်လေးရဲ့ကိုတွေ့ရင်ရင်ဘတ်ထဲက အကောင်က ဝုန်းတိုင်းကြဲလာတတ်လို့လည်းပါတယ်
ကျွန်တော်တစ်ခါမှမဖြစ်ဖူးဘူး ကျွန်တော့်ဘေးနားမှာအချောအလှတွေမှအများကြီးရယ်
ဘယ်မိန်းကလေးကိုမှ ရင်မခုန်ဖူးဘူး
အခုမှပဲ တစ်သက်လုံးမခုန်ခဲ့ဖူးတဲ့ အကောင်ကအတိုးချပြီးခုန်နေသလားတောင်အောက်မေ့ရတယ်
"ကောင်လေး မင်းကသိပ်ထူးဆန်းတယ်"Purple You all💜💜💜