"အမှတ်တမဲ့ တွေ့ခဲ့ရပေမယ့်
အမှတ်တရဖြစ်နေရတယ် ခင်ဗျားရယ်"ထယ်ယောင်း ထိုလူရဲ့ဓာတ်ပုံလေးကိုကြည့်ရင်း တွေးနေမိတယ်
"ရေစက်ပါခဲ့မယ်ဆိုရင် နောက်တစ်ခေါက်တွေ့ရအောင်"
မနေ့က ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ သူ့ကို ဓာတ်ပုံရိုက်လိုက်မိတာလဲ မသိဘူး။ခွင့်ပြုချက်မတောင်းပဲ ဓာတ်ပုံရိုက်လိုက်မိလို့ တောင်းပန်ချင်ပေမယ့်
ရိုက်ထားတဲ့ပုံတွေပြန်ဖျက်ပေးပါလို့ပြောလာမယ့် ခင်ဗျားရဲ့စကားကို ကျွန်တော်နားမထောင်ချင်ဘူးHoseok-ယောင်းလေး တစ်ယောက်တည်းဘာတွေ ထိုင်တွေးပြီးပြုံးနေတာလဲ
ပြုံးနေတယ်တဲ့လား အခုမှတွေ့ဖူးတဲ့ သူစိမ်းကို တွေးပြီး ပြုံးနေတာလား တစ်ကယ်ပဲ ခင်ဗျားကဘယ်လိုလူလဲဗျာHoseok-ယောင်းလေး ကိုယ်ပြောတာကြားလား
Tae-ဗျာ အော် ဘာမှမဟုတ်ပါဘူး hyungရဲ့
လက်ထဲက ဓာတ်ပုံတွေကို စားပွဲပေါ်ချပြီး ပြန်ပြောလိုက်တယ်။
Tae-hyung ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ
Hoseok-CEO Joon ဖုန်းဆက်တယ်
မနက်ဖြန်ကျရင်ရှုတင်မသွားခင်ကုမ္ပဏီကိုခနဝင်ခဲ့ပါတဲ့ပြောစရာရှိလို့တဲ့အဲ့တာလာပြောပြတာ
Tae-အော် ဟုတ်ကဲ့ hyung ကျွန်တော်သိပြီ
Hoseok-အေးအေး
Hoseok hyung ထွက်သွားပြီးတော့ ကျွန်တော်လည်း အိပ်ရာဝင်လိုက်တော့တယ်
အဲ့နေညက ကျွန်တော့် အိပ်မက်ထဲကို ဟိုလူရောက်လာသေးတယ် အိပ်မက်ထဲမှာ သူကကျွန်တော် နွေးထွေးစွာဖက်ထားတယ်တဲ့"အိပ်မက်ထဲထိလိုက်မလာပါနဲ့လား ခင်ဗျားရယ်
ကျွန်တော် ရင်တွေခုန်လွန်းလို့"Ceo Joon- ရောက်လာပြီလား ထယ်ယောင်း ထိုင်ပါဦး။
Tae- Ceo ကျွန်တော့်ကို ခေါ်တယ်ဆိုလို့
Joon- ဟုတ်တယ် ဟို Jeon gp ကနေပြီးတော့ အခုဖွင့်မယ့် game centerအတွက်ကိုMagazine Photo ရိုက်ပေးဖို့ ကမ်းလှမ်းတဲ့ကိစ္စလေ
အဲ့တာ မန်နေဂျာဂျောင်ကိုကိုယ် ပြောလိုက်ပေမယ့် ထယ်ယောင်းကငြင်းလိုက်တယ်ဆိုလို့
Tae -အော် ဟုတ်တယ်လေကျွန်တော် Drama အသစ်နောက်တစ်ကားအတွက် ပြင်ဆင်နေရတာ Ceo လည်းသိပါတယ် အခု actor Yoona နဲ့ ရိုက်နေတဲ့Dramaကလည်းမပြီးသေးဘူး ပြီးတော့ တစ်ခြားကြော်ညာတွေလည်း ရိုက်နေတာဆိုတော့ အဲ့castကို ဖြတ်လိုက်တာပါ
Joon-ကိုယ်သိပါတယ် ထယ်ယောင်းscheduleတွေပြည့်နေတာကို ဒါပေမယ့်
အခုက Jimin ကလည်း ဂျပန်မှာ ရိုက်ကွင်းတွေရှိနေတာဆိုတော့လေ ပြီးတော့ Ceo Jeon နဲ့ကိုယ်က မိတ်ဆွေတွေဆိုတော့ မျက်နှာမပျက်ချင်လို့ပါ အဲ့တာကြောင့် ထယ်ယောင်း
ကို အကူအညီတောင်းရတာပါ
Tae-ကျွန်တော်က အစက အရေးမကြီးလောက်ဘူးထင်လို့ ငြင်းလိုက်တာပါ Ceoရဲ့မိတ်ဆွေဆိုတော့လည်း ကျွန်တော့်ကြောင်မျက်နှာပျက်လို့ ဘယ်ဖြစ်ပါ့မလဲ ကျွန်တော် လက်ခံပါတယ်။