Content from the past

381 29 6
                                    

လွန်ခဲ့သောသုံးနှစ်ခန့်က

ကောင်လေးတစ်ယောက်သူ့အစ်မကိုလိုက်နေတယ် သူ့အစ်မတက်နေတဲ့တက္ကသိုလ်မှာပေါ ထိုကောင်လေးကဆံပင်ကောက်ကောက် အသားဖြူဖြူ မျက်မှန်လေးနဲ့ မျက်နှာတွင်အစက်အပြောက်များ နှင့်ဝတုတ်တုတ် အသက်၁၄နှစ်သာရှိသေးသည့်ကောင်လေးတစ်ယောက်ပါ သို့ပေမယ့် အကြင်နာစေရာနှင့် သူ့သူငယ်ချင်းများကထိုကလေး၏ ဖြူစင်သောစိတ်ထားလေးကိုရိုက်ချိုးပစ်ကြသည် ဖြစ်စဉ်ကတော့

" ဟိတ် ၀တုတ်ကောင်လေး "

ထိုကလေးလန့်၍တုန်တက်သွားသည် လူအများကလည်းဝိုင်းကြည့်နေပြီမို့ရှက်တာရော ကြောက်တာပါရောပြီး အသားတွေတဆက်ဆက်တုန်လာသည် ထိုသို့ဖြစ်နေသည်ကိုကြည်ပြီး ၀ိုင်းကြည့်နေသူတို့က တခြားသူဆိုကိစ္စမရှိပေမယ့် 'အကြင်နာစေရာ' မို့မေပြောရဲကြပွဲကြည့်ပရိတ်သတ်သာလုပ်ကြရတော့သည် အကြင်နာစေရာ ကလင်းထက်ကိုပြောလိုက်သည်

" ဘယ်သူ့ကိုလာရှာတာလဲ "

" မ...မမ ကိုပါ"

" ဟက် ငါတို့ပိုင်နက်ထဲဝင်လာရင် အေးဆေးသွားရမယ်လို့ထင်လား "

လင်းထက်ကို စေရာကတွန်းချလိုက်ပြီးသူတို့လက်ထဲ ကိုယ်စီသယ်ဆောင်လာကျတဲ့

" ၀တုတ် မင်းကငယ်သေးလို့မလုပ်ချင်ပေမဲ့ ငါအကြင်နာစေရာကလုပ်ချင်တာဆိုရင်ကလေးလည်းညှာမှာမဟုတ်ဘူး "

လို့ဆိုပြီးတော့ သူ့လက်ထဲကတိရိစ္ဆာန်သွေးပုလင်းတစ်ပုလင်းကို လင်းထက်ပါးကိုညှစ်ကာ အတင်းပါးစပ်ထဲလောင်းထည့်ကာ သောက်စေသည်

" အဟွတ် အဟွတ် "

" ယောကျာ်းဖြစ်ပြီးပျော့လိုက်တာ"

" ယာယာ တောင်းပန်ပါတယ် အကိုတို့ရယ် ယာယာ ကြောက်လို့ပါ"

" ဟျောင့် မင်းတို့လက်ထဲကသွေးပုလင်းတွေကိုဘာလုပ်ဖို့လဲ သူ့ပေါ်လောင်းချလိုက်"

သူတို့လည်း လင်းထက်ခေါင်းပေါ် လောင်းချလိုက်ကာ လေးယောက်က လှောင်ပြောင်ကြလေသည်

" ဟားဟား ၀က်နီဖြစ်သွားပြီကွ "

" ဟားဟားဟား"

သွေးကလဲ့စားWhere stories live. Discover now