Part 1 (ပြန်လည်တွေ့ဆုံမှု)

263 22 1
                                    

မနက်ခင်းတွင် လွန်ခဲ့သော ၃နှစ်ကတည်းကတိတ်ဆိတ်သွားခဲ့သော အိမ်ကြီးက သူများစိုးရိမ်မှုတွေဖြစ်ပေါ်နေကြတယ် လင်းထက်ကိုစိုးရိမ်နေကြတာပါ ထိုတက္ကသိုလ်ကိုတက်ရမယ့်နေဆိုတော့ အားလုံးရဲ့တားဆီးမှုတွေကိုလျစ်လျူရှုကာတက္ကသိုလ်သို့သွားရန်ပြင်ဆင်နေတယ် hoodie အဖြူရောင်လေးကိုဝတ်ပြီးjean ဘောင်းဘီနက်ရောင်ကိုဝတ်လိုက်တယ် ထိုနောက်လွယ်အိတ်လွယ်ကာဆိုင်ကယ်ဦးထုပ်ဆောင်းပြီးဆိုင်ကယ်ကိုမောင်းကာ အတိတ်ဆိုးရှိရာတက္ကသိုလ်သို့ မေမြတ်နိုးကတော့သူ့ကြောင့်မောင်လေးဒီလိုဖြစ်ရတာဆိုပြီးမျက်ရည်လည်ကာကျန်ခဲ့လေသည် မြတ်နိုးကတော့ကားနှင့်သာတက္ကသိုလ်သို့လာလိုက်သည် ယခုဆိုလျှင် မြတ်နိုး ပင်လျှင်တက္ကသိုလ်တက်တာ ၄ နှစ်မြောက်ရောက်နေပြီလေ


တက္ကသိုလ်ရောက်တော့ လင်းထက်ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဘေးကပ်ထားကာဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာဆိုင်ကယ်လက်ကိုင်မှာတင်ထားလိုက်သည် Hoodieမှခေါင်းစွပ်လေးကို ခေါင်းမှာစွပ်လိုက်ပြီး ဖုန်းကိုလွယ်အိတ်မှထုတ်ကာနားကြပ်တပ်ပြီးသီချင်းနားထောင်ကာ law major သို့သာလျှောက်လာလိုက်သည် ထိုအချိန်သူငယ်စဉ်ကလိုပင် ၀ိုင်းအထိုးခံနေရသောတက္ကသိုလ်ကျောင်းသားတစ်ဦးနှင် လူ့တိရစ္ဆာန်တို့အုပ်စု (ယူ့ယောကျာ်းလောင်းတို့အုပ်စု) အနိုင်ကျင့်ခံရရင်မနေတတ်သောစိတ်ရော ဟိုလူတွေကိုပညာပေးချင်သောစိတ်ကြောင့် ထိုသူတွေဆီသွားကာ

" ဟေ့လူတွေရပ်လိုက်သင့်ပြီ"

ထိုအခါစေရာကပြောလေသည်

" မင်းနဲ့မဆိုင်တာဝင်မပြောနဲ့ မင်းအလှည့်မရောက်သေးဘူး"

"မဟုတ်ဘူး ကျွန်တော့်အလှည့်ကပြီးသွားပြီ "

"မင်းပြောတာက"

"ယာယာ ကိုမှတ်မိလား "

"မသိဘူး"

"ဟုတ်သားပဲခင်ဗျားအနိုင်ကျင့်နေတာကျွန်တော်တစ်ယောက်ထဲမှမဟုတ်တာ "

"မင်းလာမရှုပ်နဲ့ ကိုယ့်လမ်းကိုယ်သွား"

စေရာက လင်းထက်ကိုတွန်းလိုက်တော့လင်းထက်ရဲ့ အကျီင်္မှခေါင်းစွပ်လေးလှန်သွားကာ လင်းထက်ရဲ့မျက်နှာလေးပေါ်လာတယ် စေရာတို့အုပ်စုငေးမောသွားပြီ

သွေးကလဲ့စားOù les histoires vivent. Découvrez maintenant