*Mistletoe*

3.6K 210 2
                                    

~~~~~~~Merry Christms~~~~~~

လူငယ်တစ်စု ပျော်ရွှင်စွာ အော်သံ

သူငယ်ချင်းတွေစုပြီး Christmas ကို ကြိုဆိုတဲ့ ပွဲလေးလုပ်ကြတယ်

အရမ်းချမ်းအေးနေပေမယ့် ဒီလိုမျိုး အားလုံး အတူရှိနေတော့လည်း နွေးထွေးသော ခံစားမှုလေး ရှိနေတယ်

ကျွန်တော်တို့လိုမျိုးပဲ party ကျင်းပနေတဲ့ အဖွဲ့တစ်ဖွဲ့ ရှိသေးတယ် သူတို့လည်း တော်တော်ပျော်ရွှင်နေတဲ့ ပုံပါပဲ

အဲ့ဒီထဲမှာ ကျွန်တော် ကောင်မလေး တစ်ယောက်ကို သတိထားမိသွားတယ် ကျွန်တော် ကိုယ်တိုင်တောင်မသိလိုက် ဘဲ အချိန်တော်တော်ကြာ သူ့ကို ငေးကြည့်နေမိတယ်

နှင်းပွင့်ဖြူလေးတွေကြားမှာ ဖြူစင်နေတဲ့ သူ့ရဲ့အသားအရေ ဘာမှ မပြင်ထားတဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ထူးခြားတဲ့ နီနီရဲရဲ နှုတ်ခမ်းဖူးလေးတွေ

ဘယ်သူက မကြည့်ဘဲ နေနိုင်မှာလဲဗျာ

ကောင်မလေး မင်းအရမ်းလှတယ်

ဟေ့ကောင် Kai

chingu တစ်ယောက် လာခေါ်တော့မှ အသိပြန်ဝင်ပြီး

ဘာတွေငေးနေတာလဲကွ မင်းကလည်း ငါတို့ ဟိုအဖွဲ့နဲ့ ပေါင်းမလို့ လူသစ်တွေ နဲ့လည်းခင်ရတာပေါ့

သြော် အင်း ကောင်း ကောင်းတာပေါ့

ကျွန်တော် ပျော်သွားသည် ကောင်မလေးက ကျွန်တော်နား ရောက်လာတော့မယ်

party နှစ်ခု ပေါင်းဖြစ်သွားတော့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြတယ် အရမ်းတော့ မများပါဘူး နှစ်ဖွဲ့ပေါင်းအယောက် နှစ်ဆယ်လောက်ပေါ့

party ကတော့ ပိုစည်ကားသွားတာပေါ့

ကျွန်တော့် ကောင်မလေးကတော့ ကြောင်တောင်တောင် ပုံလေးနဲ့ တစ်ခါတစ်ရံ အလှပဆုံး အပြုံလေးတွေ ဖန်ဆင်းသေးတယ်

Attention please...

ကျွန်တော်တို့ အဖွဲ့က အသံအကောင်း ဆုံး အဆိုတော်လေးရဲ့ အသံကို နားဆင်ကြည့်ရအောင်

အသံအကောင်းဆုံး ဘယ်သူပါလိမ့် အားလုံးစိတ်ဝင်စားနေကြတယ်

*Mistletoe*Where stories live. Discover now