제 7 화

2.5K 407 37
                                    

အရှင့်မွေးနေ့တော်နေ့..

နန်းတွင်းတစ်ခုလုံးအရောင်အသွေးစုံလင်စွာ အလှဆင်ထားပြီး အပျိုတော်မှအစ နန်းတွင်းသူနန်းတွင်းသား အားလုံးဟာလည်း အရောင်အသွေးအစုံ လှပသော ပိုးသား ဝတ်ရုံများ ဆင်မြန်းကာ လှချင်တိုင်းလှနေကြလေတော့သည်..

အမတ်ကြီးနဲ့အတူပွဲထွက်ရမယ့်ဆော့ဂျင်မှာလည်း သူ့ရဲ့အပြာရောင် ပိုးသားဝတ်ရုံကို ကျကျနန ဝတ်ဆင်ကာ ပြုံးပျော်ရင်း အရှင့် ‌အဆောင်တော်ဘက်ကိုထွက်လာခဲ့သည်..

"အရှင် ကဝင်ခဲ့လို့ပြောပါတယ် သခင်လေး"

အပေါက်ဝက အစေခံကပြောတော့ ဆော့ဂျင်အထဲကိုဝင်သွားလေသည်..

"ယွန်းဂီ..ပြင်ဆင်ပြီးပြီလား"

အရှင်က မတ်တပ်ရပ်လျက် သူ့ပိုးသားဝတ်ရုံအနက်ရောင်ကို အပျိုတော်များဆင်မြန်းပေးသည်ကို ငြိမ်ခံနေလေသည်..

"မမြင်ဘူးလား ဝတ်ရုံဝတ်နေတုန်းကို"

"အော် ဒါလေးမေးတာကို ဒေါသချည်းပဲ"

အဆောင်အယောင်များအားလုံးကိုဝတ်ဆင်ပြီး အရှင်ကသူ့လက်စွပ်ကိုကောက်စွပ်လိုက်သည်..အပျိုတော်တွေကိုတော့ပြန်ခိုင်းလိုက်သည်..

"ဘာလာလုပ်တာလဲ ပွဲပဲစတော့မယ်"

"မပျော်ဘူးလားကွာ မင်း၂၆နှစ်တောင်ပြည့်ပြီ..ငါဆိုမွေးနေ့တုန်းကတအားပျော်တာ"

"သာမန်ရက်ပဲကို..ဘာပျော်စရာရှိလို့လဲ.."

မှန်ထဲကသူ့ပုံရိပ်ကိုကြည့်ရင်း ယွန်းဂီပြောလိုက်သည်..စင်စစ်သူ့အတွက် မွေးနေ့တွေဟာ သာမန်ပင်ဖြစ်သည်..

မယ်တော်ကော ဖခမည်းတော်ကော နတ်ရွာစံချိန်စောခဲ့သောကြောင့် မေတ္တာနှင့်အထိအတွေ့နည်းပါးသော ယွန်းဂီက နှလုံးသားမဲ့လုနီးပါးဖြစ်နေလေသည်..

"ဘာပဲဖြစ်ဖြစ် ဒီနေ့မင်းပျော်အောင်နေရမယ်..မင်းရဲ့နေ့ပဲ ဒီနေ့က..အာ..အကအဖွဲ့အဆင်သင့်ဖြစ်ပြီလားမသိဘူး ငါသွားကြည့်လိုက်ဦးမယ် အဆင်သင့်ဖြစ်ရင်ထွက်လာနော်.."

အကအဖွဲ့ဆိုတော့ ခေါင်းထဲပြေးမြင်သည်က

ချယ်ရီပန်းလေး

Elysian || YoonminWhere stories live. Discover now