အရှင်ကသာ ဒီတိုင်းထားပြီးထွက်သွားတာ..ဂျီမင်းမှာတော့ တစ်ညနေလုံး နီရဲနေသောပန်းသီးလေးကိုကြည့်ရင်း တစိမ့်စိမ့်တွေးလိုက် သဘောတွေကျလိုက်နှင့်..
"အာ..ဂျီမင်း..မင်းဘာဖြစ်နေတာလဲ..အရှင့်ကိုသဘောကျလို့မရဘူးဆိုတာသိတယ်မလား"
သူ့ကိုယ်သူပြောရင်းလက်ထဲကပန်းသီးလေးကိုသဘောတကျနှင့် ပြုံးရင်းကြည့်နေမိပြန်ပါသည်..
အနီးကပ်မြင်လိုက်ရတဲ့တစ်ခဏမှာ အရှင်ကပြီးပြည့်စုံလွန်းသည်..သူ့ခါးကိုလှမ်းထိန်းပေးထားတဲ့အရှင့်လက်ဟာ အကြောတပြိုင်းပြိုင်းနှင့် အလွန်ပင်ယောကျာ်းပီသလှသည်.. ဆံပင်ကိုခပ်မြင့်မြင့်ချည်ပြီးစည်းလေ့ရှိတဲ့အရှင့်ဆံနွယ်တွေကိုထိတွေ့ချင်သည်..
အရှင်ကပြုံးရင် အရမ်းချောသည်ကိုဘာကြောင့်အဲ့လောက်မပြုံးတာလဲ ဂျီမင်းနားမလည်ပေ..ခက်ထန်သည့် ပုံစံပေါက်ပေမဲ့ အရှင့်နှလုံးသားကနူးညံ့လိမ့်မည်ဟုဂျီမင်းတွေးနေမိပြန်သည်..
"လျှောက်တွေးနေလို့မရဘူး ဂျီမင်း..အရှင့်မွေးနေ့တော်က သန်ဘက်ခါ..မနက်ဖြန် အစမ်းလေ့ကျင့်ဖို့စောစောအိပ်မှရမယ်"
သူ့ဟာသူပြောရင်း ကိုယ်လက်သန့်စင်ကာ ဂျီမင်း အိပ်ရာဝင်လေတော့သည်..
တစ်ဖက်မှာတော့ ယွန်းဂီလည်းတစ်ညနေလုံး ထိုကချေသည်ကောင်လေးအကြောင်းကိုတွေးနေမိသည်..
နေ့လည်ကလန့်သွားတဲ့ကောင်လေးရဲ့မျက်နှာလေးက ပြစ်မျိုးမှဲ့မထင် တအားပြည့်စုံသည်.. နှုတ်ခမ်းဖူးဖူးတို့ဟာ နှင်းဆီပန်းနုရောင်လေးများအလား လှပလွန်းသည်..
ကောင်လေးကို ယွန်းဂီပန်းနုရောင်နှင့်တင်စားသည်..ချယ်ရီပင်အောက်မှာ ပြုံးရယ်ရင်း ကနေသည့် ကောင်လေးကိုမျက်စိထဲကဘယ်လိုမှမထုတ်နိုင်ပေ..
"ချယ်ရီပန်းလေး..အဟက်"
သူသောက်လက်စ သေရည်ခွက်ကိုဘေးက စားပွဲပေါ်ချပြီးယွန်းဂီရီလိုက်မိသည်..
နေ့လည်ကကောင်လေးဆံပင်ပေါ်ကဖယ်ပေးလိုက်တဲ့ချယ်ရီပွင့်ဖတ်လေးကိုယွန်းဂီလက်ထဲမှာကိုင်ရင်းကြည့်နေမိသည်..
VOUS LISEZ
Elysian || Yoonmin
Fanfictionနတ်သားတမျှလှတဲ့ ကလေးငယ်က ကိုယ့်ရဲ့elysianပါပဲ.. မင်းရဲ့အလှတရားနဲ့ဘဝဆက်တိုင်းကိုယ့်ကိုဖမ်းစားပါ..ကိုယ့်ကိုချုပ်နှောင်ပါ..