Part-8{Uni+Zaw}

91 12 2
                                    

yeol'pov

ဒီရက်ပိုင်းတွင်း baekကိုဖွင့်ပြောတော့မယ် ဘလိုဖွင့်ပြောရင်ကောင်းမလဲ 🤔🤔
baekကပန်းကြိုက်တယ် ဟုတ်ပြီ ပန်းစည်းလှလှလေးဝယ်မယ် ပြီးရင်baekကို ကိုယ့်ရဲ့နှလုံးခုနိသံတွေနဲ့ အနီးဆုံးရင်ဘက်ထဲထည့်ပြီးကို တအားဖတ်ပလိုက်အုံးမယ် ဟီးဟီး ပျော်လိုက်တာ
ဒါနဲ့ ဘာပန်းဝယ်ရမလဲ internetထဲဝင်ကြည့်အုံးမှ   ပန်းရောင်နှင်းဆီတွေက အဆုံးမရှိချစ်ခြင်းတရားကိုရည်ညွှန်းတာတဲ့ ပြီးတော့ ဘတ်ကစတော်ဘယ်ရီကြိုက်တာ အဲ့တာလဲဝယ်သွားရမယ် ပီးတော့
ဘတ်ကမနက်နိုးနိုးချင်း အပင်လေးတွေကြည့်ရတာလဲသဘောကျတယ်တဲ့  အဲ့တော့ ရှားစောင်းပင်လေးလဲဝယ်ပေးရမယ် ရင်တွေခုန်လိုက်တာဘတ်ရယ် မင်းမှတာဝန်မယူရင် ကိုယ်တော့မဖြစ်တော့ဘူး

Mr park- သားမျက်နာက ပြုံးပျော်လို့ပါလား
ဘာတွေတွေးပီးပျော်နေတာတုန်းကွာ ပြောပါအုံး

chanyeol-သားအဲ့လောက်ပြုံးနေမိတာလား

Mr park-ပြုံးတဲ့အဆင့်မဟုတ်တော့ဘူး ဖြီးတဲ့အဆင့် မျက်နှာကိုပြုံးဖြီးနေတာပဲ ဘာကိုအဲ့လောက်သဘောကျနေတာလဲ ပြောပါအုံးဖေဖေ့ကို

chanyeol-ဟို ဟိုလေ ဟို သားကဒီအတိုင်း မနေ့ကရုပ်ရှင်အကြောင်း စဉ်းစားမိသွားလို့ပါ😁

Mr park-သားကရုပ်ရှင်ကြည့်ချိန်ရှိလို့လား
ဖေဖေ့ကို မညာတတ်ပဲ မညာချင်စမ်းပါနဲ့ကွာ
သားချစ်သူရနေပီမလား အဲ့တာကြောင့် သားမျက်နှာက ရွှင်လန်းနေတာ

chanyeol-သားချစ်သူမရသေးပါဘူးဗျာ ဖေဖေကလဲ သားကလူပျိူလေးပါဗျ😄

Mr park-သားချစ်သူမရှိလဲ ချစ်ရတဲ့သူတွေ့နေပီမလား ဖေဖေလဲဒီလိုဟာတွေကျော်ဖြတ်လာတာပါကွာ သားကိုအဖေယုံတယ် သားရွေးချယ်တဲ့သူကသားအပေါ်နားလည်နိုင်မဲ့သာဆိုတာ

chanyeol- ဟုတ်တယ် ဖေဖေ သားချစ်နေတဲ့သူရှိနေပါပီ သားသူ့ကိုဖွင့်ပြောဖို့တွေးနေတုန်း ပြုံးနေမိတာပါ ပီးတော့ဖေဖေ သားချစ်နေတဲ့သူကလဲ
ဟို ဟို ဟိုဟာ

Mr park-ဘာလို့တုန်းသားရဲ့ သူကဆင်းရဲနေလို့လား အဲ့တာတွေမလိုပါဘူးသားရယ် အဓိကကတယောက်ကိုတယောက် နားလည်မူရှိပီးယုံကြည်နေရင် ပီးတာပဲ

OBSESSION {Uni+Zaw}Where stories live. Discover now